-
Movie Name
-
The Hill (2023)
-
Year
-
2023
-
Generes
-
Biography, Drama, Sport
-
Code
-
EN3871
-
Type
-
Movie
-
Size
-
805 MB
-
Country
-
Hollywood
-
Description
-
The Hill (2023)
~ IMDb – 6.7/10, RT – 44%, Meta – 48% ~
Professional Baseball Player Rickey Hill ရဲ့ ဘဝအကြောင်း ဖြစ်ရပ်မှန်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။
တက္ကဆက်ပြည်ရဲ့ မြို့ငယ်လေးမှာ မွေးခဲ့တဲ့ ရစ်ကီဟေးလ်ဆိုတဲ့ ကလေးဟာ မွေးရာပါ ခြေထောက်တွေ မသန်မစွမ်းဖြစ်နေပြီး အသက်ကိုးနှစ်အရွယ်ထိ လမ်းလျှောက်ဖို့တင်ကို Brace တွေတပ်ပြီး နေခဲ့ရပါတယ်။ ရစ်ကီရဲ့အဖေက သင်းအုပ်ဆရာဖြစ်ပြီး သူ့အလုပ်ကို မိသားစုထက်အရင် အလေးပေးရှေ့တန်းတင်ခဲ့သူပါ။ ရစ်ကီရဲ့ မထင်မှတ်စရာ သူ့အိပ်မက်က တစ်နေ့မှာ ပရော်ဖက်ရှင်နယ်ဘေ့စ်ဘောကစားသမား ဖြစ်လာပြီး Major League ပွဲမှာ ကစားရဖို့ပါတဲ့။ ရစ်ကီရဲ့အဖေ ဂျိမ်းစ်က သူ့သားရဲ့အခြေအနေကြောင့်ရော သူလို သင်းအုပ်ဆရာဖြစ်စေချင်တာကြောင့်ပါ ရစ်ကီကို ဘေ့စ်ဘောကစားခွင့်မပြုခဲ့ပါဘူး။ ရစ်ကီရဲ့ အစ်ကိုနဲ့အစ်မကတော့ သူတို့အငယ်လေးရဲ့အိပ်မက်ကို ငယ်ငယ်တည်းက အားပေးခဲ့ပါတယ်။
ဂျိမ်းစ်ရဲ့ တရားဟောအလုပ်ကလည်း မိသားစုကို ကျွေးမွေးဖို့တောင် အနိုင်နိုင်ပါ။ ဒါကိုကံဆိုးမသွားရာ မိုးလိုက်လို့ရွာပြီး သူ့ကို မကြည်တဲ့မြို့သားတွေ မောင်းထုတ်တာခံရပါတယ်။ ဒီလိုနဲ့ တခြားမြို့လေးကို ပြောင်းသွားရပြီး ခက်ခက်ခဲခဲ ရပ်တည်ရပါတယ်။
ရစ်ကီရဲ့ အားထုတ်မှုကြောင့် အထက်တန်းအရွယ်ဘေ့စ်ဘောရိုက်တဲ့နေရာမှာ အတော်ဆုံးဖြစ်လာပေမဲ့ ခွင့်မပြုတဲ့ ဖခင်ရဲ့အတ္တကိုလည်း ရင်ဆိုင်ရပါတယ်။ ဂျိမ်းစ်ကလည်း ရစ်ကီကစားတာကို လုံးဝလာမကြည့်ပါဘူး။ ဒီလိုနဲ့ ငယ်ငယ်တည်းက မသန်မစွမ်းဖြစ်ခဲ့တဲ့ ရစ်ကီကို ဘုရားသခင်က နောက်တစ်မျိုးစမ်းသပ်ပြန်ပါတယ်။
အဲဒါကတော့ ပရိုအားကစားသမားဖြစ်လာဖို့ အစမ်းကစားပွဲကြီးမတိုင်ခင်မှာ ရစ်ကီက ကျောရိုးဆုတ်ယုတ်ပျက်စီးတဲ့ရောဂါကြီးရှိနေတာ သိလိုက်ရပါတယ်။ တိုတိုပြောရရင် သူ့ကျောရိုးက အသက်နဲ့မလိုက်အောင် အသက် ၆၀အရွယ် ဖြစ်နေတာပါ။ ဒီအတွက် ခွဲစိတ်ခတွေ အလွန်အမင်းကုန်ကျမှာမို့ ရန်ပုံငွေတွေရှာပြီး ကြိုးစားကုသခဲ့ပါတယ်။ ဂျိမ်းစ်နဲ့လည်း အချေအတင်ဖြစ်ရတာပေါ့။
ဒီလို ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေအခက်အခဲတွေကို ကျော်ဖြတ်လို့ ဖခင်ရဲ့ အားပေးမှုကို နောက်ဆုံးမှာ ရယူနိုင်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောကစားသမားဖြစ်လာတဲ့ ရစ်ကီဟေးလ်ရဲ့ ဇာတ်လမ်းကို စိတ်ဓာတ်ခွန်အားတက်ကြွဖွယ် စီးမျော ခံစားရမှာပါ။