-
Movie Name
-
Captain Miller (2024)
-
Year
-
2024
-
Generes
-
Action, Adventure, Drama
-
Code
-
IND1104
-
Type
-
Movie
-
Size
-
1.41 GB
-
Country
-
Bollywood
-
Description
-
Captain Miller (2024) “ကပ္ပတိန် မီလာ”
IMDb 7.2 ရထားတဲ့ တမီးလ်စကားပြော ဗြတိသျှခေတ် နောက်ခံကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်
ဝါရင့်မင်းသား ဒနွတ်ရှ်နဲ့အတူ Shiva Rajkumar နဲ့ မင်းသမီး Priyanka Mohan တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး
ရီဗျူးကောင်းတွေရထားရုံမက ရုံတင်ငွေ ၁၀၄ ကုဋေ ရထားတဲ့ ကားလေး ဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ဗြိတိသျှခေတ်မှာ အီဆာဆိုတဲ့ ခပ်ဆိုးဆိုးရွာသားတစ်ယောက်က
မျိုးရိုးဇာတ်နိမ့်ဇာတ်မြင့် ကွာခြားမှုတွေကို မနှစ်မြို့သူဖြစ်ပြီး လူလေးစားခံရမှုလိုချင်တာကြောင့်
အိန္ဒိယ-ဗြိတိသျှ စစ်တပ်ကို ဝင်နေချင်ပါတယ်
ဒါပေမဲ့ ဗြိတိသျှကို တော်လှန်ပုန်ကန်နေတဲ့ သူ့အစ်ကိုကတော့ ဒါကို သဘောမတူပါဘူး တစ်နေ့ ဗယ်လာမီဆိုတဲ့ ဇာတ်မြင့်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး သူနဲ့အဆင်ပြေရင် ဗြိတိသျှစစ်တပ်ထဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့
ကောင်မလေးမှာ ပိုင်ရှင်ရှိနေတာကြောင့် ကောင်မလေးကို မေ့ပစ်ပြီး ဗြိတိသျှစစ်တပ်ထဲ ဝင်သွားပါတယ်
အီဆာတစ်ယောက် “ကပ္ပတိန်မီလာ” ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း ရာဖစ် စတီဖင်တို့နဲ့အတူ သောင်းကျန်းပါတော့တယ် ဗြိတိသျှဗိုလ်ချုပ်က သူတို့ကို ပုန်ကန်သူတွေမဟုတ်တဲ့ လူသာမန်တွေကိုပါ သုတ်သင်ခိုင်းတာကြောင့် အပြစ်ရှိစိတ်နဲ့ ကိုယ့်ကိုယ့်ကို သတ်သေဖို့ ကြိုးစားပြီး…
ရာဖစ်က တားလို့ ဗြိတိသျှ စစ်တပ်ကထွက်လာပြီး ရွာကိုပြန်လာခဲ့တဲ့အခါမှာ သူ့အစ်ကို သေပြီလို့
သိလိုက်ရတဲ့နောက်ပိုင်း အဖိနှိပ်ခံအိန္ဒိယပြည်သူတွေဘက်ကနေ ရပ်တည်လို့ နယ်ချဲ့တွေကို ဘယ်လိုပြန်တွန်းလှန်မလဲ
ဘယ်လို စစ်ဆင်ရေးတွေ ဆောင်ရွက်မလဲဆိုတာကိုတော့…
နောက်ခံ ခေတ်အပြင်အဆင် အဝတ်အစားဒီဇိုင်းကအစ ပီပြင်အောင် သေချာရိုက်ကူးထားတဲ့
ဇာတ်ကားသစ်လေးမှာ ပရိသတ်ကြီးကပဲ တစ်ဝကြီး ဆက်လက်ကြည့်ရှုပေးကြပါဦး
အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်