Movie Name
O Jerusalem (2006)
Year
2006
Generes
Drama, Historical, War
Code
EN3888
Type
Movie
Size
1.19 GB
Country
Hollywood
Description
O’ Jerusalem (2006) အို ဂျေရုစလင်..သင့်ကိုကျွန်ုပ်မေ့ခဲ့ပါမူ…ညာလက်တော်သည် တီးခတ်နိုင်စွမ်းပျောက်ဆုံးပါစေ…ကျွန်ုပ်ပျော်ရွှင်မှုကို ဂျေရုစလင်ထက် ဦးစားပေးခဲ့ပါမူ ကျွန်ုပ်လျှာသည်အာခေါင်ဖြင့်ကပ်၍ သီဆိုနိုင်စွမ်းတို့ အားလုံးပျောက်ကွယ်ပါစေ။ (:ဆာလံ-၁၃၇) အားလုံးပဲ လတ်တလော ပဋိပက္ခဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ်ကိစ္စကို အားလုံးစိတ်၀င်စားနေကြမှာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းအရေးက မနေ့တစ်နေ့ကမှ ထဖြစ်တာမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်ပြီးကတည်းက စလာခဲ့ကြတာပါ။ အစ္စရေးနဲ့ အာရပ်နိုင်ငံများရဲ့ နာမည်ကျော် ၆ရက်စစ်ပွဲဆိုရင်လည်း မသိသူရှားပါလိမ့်မယ်။ ဒီကားလေးကတော့ “O Jerusalem” ဆိုတဲ့စာအုပ်ကို ပြန်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဒီကားထဲမှာ ဗြိတိသျှတွေရဲ့မလည်ရှုပ်ပုံတွေ၊ ဂျူးတွေနဲ့ အာရပ်တွေနဲ့ ကမ္ဘာမကြေတဲ့ရန်ပွဲစဖြစ်လာပုံတွေအပြင် အစ္စရေးနိုင်ငံဖြစ်တည်လာတဲ့အကြောင်းတွေ ဘာသာကြီးသုံးခုရဲ့အထွတ်အမြတ်ဖြစ်တဲ့ဂျေရုဆလင်မြေပေါ်က သွေးချောင်းစီးတိုက်ပွဲတွေကို သူငယ်ချင်းနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ရောစပ်တင်ဆက်ထားပါတယ်။ “O Jerusalem” စာအုပ်ကို Dominique Lapierre နဲ့ Larry Collins ဆိုတဲ့ စာရေးဆရာ ၂ဦးက ၂နှစ်တာ အချိန်ယူ သုတေသနလုပ်ရေးသားခဲ့ပြီး အင်တာဗျူးထောင်ပေါင်းများစွာနဲ့ တခြားကိုးကားချက်များစွာကို လေ့လာရေးထားတာပါ။ လက်ရှိအစ္စရေးတိုင်းပြည် မွေးဖွားလာပုံအကြောင်းကို တင်ဆက်ပြသထားတဲ့ စာအုပ်လည်းဟုတ်ပါတယ်။ Dominique Lapierre ကိုတော့ မြန်မာစာဖတ်သူ တော်တော်များများ ရင်းနှီးကြမှာပါ။ မြသန်းတင့်ရဲ့ သုခမြို့တော်၊ မောင်ပေါ်ထွန်းရဲ့ သန်းခေါင်ယံလွတ်လပ်ရေးတို့ကိုရေးခဲ့တဲ့ မူရင်းစာရေးဆရာပါပဲ။ ဒီစာအုပ်ကိုလည်း အိုဂျေရုဆလမ်ဆိုပြီး ကျော်အောင်က မြန်မာဘာသာပြန်ဆိုရေးသားဖူးပါတယ်။ အကြောင်းအရာကတော့ “ဒုတိယကမ္ဘာစစ်အပြီး အရှေ့အလယ်ပိုင်း ပါလက်စတိုင်းဒေသတွင် အစ္စရေးနိုင်ငံတည်ထောင်ရန် ကြိုးပမ်းသူများနဲ့ ဟန့်တားသူ အာရပ်တို့၏ ခါးသည်းပြင်းထန်သော ပဋိပက္ခများ” လို့ ကျော်အောင်က ရေးထားဖူးတယ်။ ရုပ်ရှင်ကတော့ အဲဒီဂျူးနဲ့အာရပ်လူမျိုးတွေထဲက လူမျိုးကွဲ သူငယ်ချင်း၂ယောက်ရဲ့ ဇာတ်လမ်းပေါ့။ စာအုပ်မှာတော့ အာရပ်ရော ဂျူးရောရဲ့ နှစ်နိုင်ငံအခြေအနေတွေကို ဘက်မလိုက်ဘဲ တင်ပြသွားပေမဲ့ ရုပ်ရှင်ကတော့ ဝါဒဖြန့်ရုပ်ရှင်ဆန်သွားခဲ့တယ်လို့ ဆိုကြတယ်။ ကားက ကျန်တာအကုန်ကောင်းပေမဲ့ ဝါဒဖြန့်ဖို့လုပ်ရင်း မလှမပဖြစ်သွားတာလေးတော့ ရှိခဲ့တယ်။ နှစ်ဖက်စလုံးက အဆိုးအကောင်းတွေကို ဒီရုပ်ရှင်မှာ သေချာပြသွားပေမဲ့ ကြည့်ရှုသူကို တစ်ဖက်အပေါ် မသိမသာသနားစိတ်လေးဝင်သွားအောင် ရိုက်ပြသွားတယ်လို့ဆိုတယ်။ ဒါကိုကလည်း ဝါဒဖြန့်ချိရေးကားတွေရဲ့ အထာပဲတဲ့။ ဒီလိုဝတ္ထုထူကြီးတွေကို ရိုက်တဲ့ကားတွေထဲ အကောင်းထွက်လာတဲ့ ကားကတော်တော်ရှားတော့ ဒီလောက်ကိုပဲ တော်တော်လေး တော်လှပါပြီ။ အားလုံးကြည့်သင့်ကြည့်ထိုက်တဲ့ အရှေ့အလယ်ပိုင်းအကြောင်း ရုပ်ရှင်ပါပဲ။