Movie Name
Anyone But You (2023)
Year
2023
Generes
Comedy, Romance
Code
EN3899
Type
Movie
Size
1.15 GB
Country
Hollywood
Description
Anyone But You (2023) ~ IMDb – 6.6/10, RT – 52%, Meta – 52% ~ ကျန်တာမပြောခင် အရင်ဆုံးဝန်ခံရမှာက ဒီရုပ်ရှင်မှာ အဖမ်းစားဆုံးနိုင်ဆုံးက ဇာတ်လည်းမဟုတ်သလို ဒိုင်ယာလော့လည်းမဟုတ်ပါဘူး။ Sydney Sweeney ပါပဲ။ Euphoria နဲ့ အားလုံးသိပြီးသားဖြစ်မှာပါ။ Madame Web ထဲပါထားသလို The Voyeurs ထဲလည်း သူ့အလှတွေတော်တော်ပြပြီးပါပြီ။ ဆွဲဆောင်မှု တော်တော်ရှိတဲ့ မင်းသမီးပေါ့။ Friends with Benefits, Easy A နဲ့ Peter Rabbit တို့ရဲ့ ဒါရိုက်တာ Will Gluck ပဲ ရိုက်ထားတာပါ။ သူ့ကားတွေအကုန်ကြည့်ကောင်းတယ်ဆိုတော့ ဒီကားလည်း ကြည့်မကောင်းမှာတော့ ပူစရာမရှိဘူး။ ဒါရိုက်တာဟာ အင်တာတိန်မာတစ်ယောက်ပီသပါတယ်။ ဒါရိုက်တာဟာ ဆစ်ဒနီကို ခေါင်းအစခြေအဆုံး အကုန်သုံးပြီး ဒီရုပ်ရှင်အတွက် ညှို့ဓာတ်ကို ဖန်တီးသွားခဲ့တယ်။ တမင်ကို ဆစ်ဒနီကိုပဲ ရိုက်ပြထားသလားမှတ်ရအောင်လည်း သေသေချာချာကို တစ်နေရာမလွတ်ရအောင် သုံးသွားခဲ့တာပါပဲ။ တခြားမင်းသမီးတွေကိုလည်း ဒီလိုသုံးထားသေးပေမဲ့ သူ့ကိုတော့ အပြည့်အဝသုံးသွားခဲ့တယ်ပြောရပါမယ်။ ဒီတစ်ချက်နဲ့တင် ဒီရုပ်ရှင်က တော်တော်ကြည့်လို့တန်နေတဲ့ ရုပ်ရှင်ဖြစ်နေပါပြီ။ ကြည့်ကိုကြည့်ရမယ့်ရုပ်ရှင်ဆို ပိုမှန်ပါလိမ့်မယ်။ ရှိတ်စပီးယားရဲ့ Much Ado About Nothing ကို ကျောရိုးယူပြီး ခေတ်သစ်မှာ ရိုက်ထားတဲ့ Rom-Com ဖြစ်ပြီး ဇာတ်ကတော့ ဘယ်လိုမှမတည့်တဲ့ လူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အမြဲသတ်နေရတဲ့လူနှစ်ယောက် အမုန်းကနေ အချစ်ဖြစ်သွားတဲ့ဇာတ်ပါပဲ။ ဒီလိုဇာတ်မျိုးတွေ တော်တော်များနေပြီဆိုပေမဲ့ ဒီဇာတ်ကတော့ ဟိုကနည်းနည်းဖြတ်လိုက် ဒီကနည်းနည်းကပ်လိုက် အချစ်နဲ့ပတ်သက်တဲ့ လှတပတတွေအကုန်ထည့်ထားတာမို့ ကောင်းတော့ကောင်းရှာပါတယ်။ When Harry Met Sally… ထဲက အဆုံးဒိုင်နဲ့ခပ်ဆင်ဆင်ဒိုင်တွေကိုတောင် ယူသုံးထားပါသေးတယ်။ ဩစတေးလျရဲ့ လှပတဲ့ဆစ်ဒနီမြို့မှာ တည်ထားတာမို့ ဆစ်ဒနီရဲ့ အလှအပတွေကို… ဆစ်ဒနီရဲ့အလှအပတွေကို မလွတ်တမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ မင်းသားကတော့ Top Gun: Maverick ထဲက Glen Powell ပေါ့။ အဲဒါတွေ ထားပါ။ ထပ်ပြောချင်တာကတော့ ဆစ်ဒနီရဲ့ အလှအပတွေကို တဝကြီးရှုစားရမယ်ဆိုတာပါပဲ။ ဆစ်ဒနီမဟုတ်တဲ့ ဆစ်ဒနီဟာသိပ်လှပါတယ်။ ပြီးတော့ ဆစ်ဒနီမဟုတ်တဲ့ ဆစ်ဒနီဟာလည်း သိပ်လှပါတယ်။ Anyone but You ဟာ ဆစ်ဒနီတို့ရဲ့ အလှအပတွေကို တဝကြီးခံစားကြရမယ့်ရုပ်ရှင်ပါပဲ။