Movie Name
Wish You Were The One (2023)
Year
2023
Generes
Romance
Code
PH0050
Type
Movie
Size
614 MB
Country
Hollywood
Description
Wish You Were The One (2023) ~ IMDb – 6.3/10, MyDramaList – 7.5/10 ~ လိုက်ကာနဲ့ယူနီဖောင်းချုပ်တဲ့ ကိုယ်ပိုင်စီးပွား‌ရေးလုပ်ငန်းအသေးလေးရဲ့ ပိုင်ရှင်ဖြစ်သူ “အက်စရွတ်” ဆိုတဲ့မိန်းမချောလေးဟာ ငယ်ရွယ်စဉ်ကလေးဘဝက ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် ဘဝမှာမြင့်သထက် အမြင့်ရောက်အောင် အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ အက်စရွတ်ရဲ့ရာဇဝင်ကို အတိုချုံ့ပြောရရင် သူငယ်စဥ်မှာပဲ သူ့ရဲ့အမေဟာ ယောက်ျားကဖောဖောသီသီမထားပေးနိုင်တဲ့ဘဝကို စိတ်ကုန်သွားလို့ သမီးနဲ့လင်ယောက်ျားကိုကျော်ပြီး သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်ဆန်ရွေးချယ် အိမ်ကထွက်သွားခဲ့တာကြောင့် အဲဒီအမေကို တစ်သက်လုံးမုန်းတီးနေခဲ့ပါတယ်။ ဒီလိုစိတ်ဒဏ်ရာကြီးရခဲ့တဲ့ အက်စရွတ်အဖို့ သူကိုယ်တိုင်လည်းအလားတူအဖြစ်နဲ့ကြုံရမှာကို အတော်လေး ကြောက်နေမိတာကြောင့် ပုံမှန်ဝင်ငွေရှိပြီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့က သူ့ရဲ့မဆုံးသောပန်းတိုင်ဖြစ်နေခဲ့ပါတယ်။ “အဲလစ်”ဆိုတဲ့ ဥယျာဉ်ခင်းကျင်းသူကောင်လေးဟာလည်း သူ့ရဲ့အထက်တန်းလွှာလူကုံထံရည်းစားအချောအလှ‌လေးရဲ့မျက်လုံးထဲမှာ လိုအပ်ချက်တွေအများကြီးရှိနေတဲ့ယောက်ျားတစ်ယောက်လို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အဲလစ် စေ့စပ်ခွင့်တောင်းတာကို‌ အငြင်းခံလိုက်တဲ့ညဟာ သူနဲ့အက်စရွတ်တို့ဆုံတွေ့ဖို့ ဇာတ်လမ်းအစလေးဖြစ်လာပါတော့တယ်။ အဲဒီနေ့ညဟာ အက်စရွတ်တစ်ယောက် သူ့ရည်းစားစားဖိုမှူးကို ကိတ်တစ်လုံးနဲ့ မွေးနေ့စပရိုက်လုပ်ဖို့ အသွားမှာ ဖောက်ပြန်နေတာကို ပက်ပင်းမိခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ အက်စရွတ် စိတ်ပျက်ပျက်နဲ့ ခုံတန်းပေါ်မှာ အတိုင်းသားချန်ထားခဲ့တဲ့ ကိတ်မုန့်ကိုကြိတ်လိုက်တဲ့သူ‌ကတော့ အခြားသူမဟုတ်ပဲ စေ့စပ်ခွင့်တောင်းတာကိုငြင်းခံလိုက်ရတဲ့ “အဲလစ်”ပါပဲ။ ကံကြမ္မာရယ် ဆန်းကြယ်ပုံကိုပြောရရင် “အဲလစ်” ဒေါကန်ပြီး လွှင့်ပစ်လိုက်တဲ့ စေ့စပ်လက်စွပ်ကိုကောက်ရသွားတဲ့သူဟာလည်း “အက်စရွတ်”ဖြစ်နေခဲ့တာပါပဲ။ ကမ္ဘာကြီးရဲ့ကျဉ်းပုံများကတော့ သူတို့အချင်းချင်းတောင်မသိလိုက်ဘဲ လောကကြီးရဲ့ချည်နှောင်ပေးခြင်းကိုခံလိုက်ရတဲ့ သူတို့၂ဦးဟာ သူငယ်ချင်းမင်္ဂလာဆောင်မှာ နှစ်ဖက်ရည်းစားဟောင်းအစုံအလင်နဲ့ တစ်ဖန်ပြန်လည်ဆုံတွေ့ရဖို့ဖြစ်လာခဲ့ပြန်တာပါပဲ။ သူတို့နှစ်ယောက် အတိတ်ကလူတွေကိုယ်စီနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ… သူတို့နှစ်ဦးရဲ့ဇာတ်ထုပ်ကရော ဘယ်လိုဖြေချဦးမှာလဲ… ဆိုတာကိုတော့ လက်မလွှတ်တမ်း စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။