Movie Name
Bajao (2023)
Year
2023
Generes
Action, Comedy
Code
SIND0056
Type
Series
Size
4.15 GB
Country
Bollywood
Description
1-8 Completed Bajao (TV Series)(2023) IMDb – 7.7/10 ဒီစီးရီးက အပိုင်းရှစ်ပိုင်းပါဝင်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ဟာသဇာတ်မြူးဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအထိ ပေါက်အောင် မြူးဇစ်ဗီဒီယိုရိုက်ချင်ကြတဲ့ သူငယ်ချင်းတစ်သိုက်။ မြူးဇစ်ဗီဒီယိုတစ်ခုရိုက်‌နေရင်း လူမိုက်ခေါင်းဆောင်က ရက်ပ်ပါတစ်ယောက်ရဲ့ ခြေ‌‌ထောက်ကို သေနတ်နဲ့ပစ်မိသွားတဲ့ဗီဒီယိုကို တေးသံထုတ်လုပ်ရေးချန်နယ်လ်မှာ အဲဒီသူငယ်ချင်းအုပ်ထဲကတစ်ယောက်က တင်လိုက်မိပါရော တစ်ရက် သူတို့တွေ ကလပ်မှာ သောက်ကြစားကြရင်း ညကဘာတွေဖြစ်ခဲ့မှန်းမသိအောင်ထိ ပတ်လတ်တွေကျွတ်၊ မနက်နိုးလာတဲ့ အချိန်မှာတော့ သူငယ်ချင်းတစ်ယောက် ပျောက်နေတဲ့အပြင် သူတို့နောက်ဆုံးမှတ်မိတာ‌‌က အဲဒီဘော်ဒါနဲ့အတူ ပိုက်ဆံတွေအပြည့်ပါတဲ့အိတ်တစ်အိတ်ပါ ပျောက်နေတာကိုပဲ။ ပျောက်နေတဲ့သူငယ်ချင်းကို လိုက်ရှာရင်းနဲ့ ဘယ်လိုအခွီတွေဆက်ဖြစ်ကြမလဲ… သူတို့ ပြဿနာရှာမိထားတဲ့ လူမိုက်ခေါင်းဆောင်နဲ့ရော ဘယ်လိုတွေဆက်စခန်းသွားကြမလဲ….. သူတို့ မှတ်မိလိုက်တဲ့ ငွေအပြည့်နဲ့အိတ်ကရော ဘယ်ကနေဘယ်လိုရောက်လာရတာလဲ ….. စတဲ့ ဇာတ်ကြောင်းလေးတွေကို ဟာသ‌‌လေးတွေနဲ့ စခွီထရင်း တပြုံးပြုံး ကြည့်ရှုရမယ့် ဟာသဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။