Movie Name
Sword And Fairy 4 Chinese Paladin 4(ဒဏ္ဍာရီလာဓားနှင့်သူရဲကောင်းလေးဖော်) (2024)
Year
2024
Generes
Action, Historical, Romance
Code
SC0764
Type
Series
Size
12.6 GB
Country
China
Description
1-36 Completed Sword And Fairy 4 Chinese Paladin 4 ဒဏ္ဍာရီလာဓားနှင့်သူရဲကောင်းလေးဖော် •လွန်ခဲ့သော၁၉နှစ်ခန့်အချိန်ကာလမှာ ချုံဟွာဂိုဏ်းဟာ မိစ္ဆာဘုံကို သိမ်းပိုက်ဖို့အတွက် ဝမ့်ရှူးဓားနဲ့ရှီးဟော်ဓားနှစ်လက်ကို အသုံးပြုခဲ့ပြီး ဝိညာဥ်စွမ်းအားကို ခိုးယူခဲ့ပါတယ်။ အဲဒီအကြောင်းကြောင့်ပဲ မိစ္ဆာဘုံနဲ့လူ့ပြည်ကြားမှာ ကြီးမားတဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေကြေပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ချုံဟွာဂိုဏ်းရဲ့တပည့်နှစ်ယောက်ဖြစ်တဲ့ ယွင်ထျန်းချင်းနဲ့စုယွိတို့ဟာ ချုံဟွာဂိုဏ်းကနေ ထွက်လာခဲ့ကြပြီး သူတို့ရဲ့သားဖြစ်သူ ယွင်ထျန်းဟော်ကို မွေးဖွားဖို့ ချင်းလွမ်တောင်ထိပ်ပေါ်ကို လာခဲ့ကြပါတယ်။ ယွင်ထျန်းဟော်ကို မွေးပြီး သိပ်မကြာခင်မှာပဲ စုယွိဟာ ကွယ်လွန်ခဲ့ပါတယ်။ ယွင်ထျန်းဟော်ဟာ ချင်းလွမ်တောင်ထိပ်ပေါ်မှာပဲ ကြီးပြင်းခဲ့ပြီး သူ့မိဘတွေရဲ့ဇာစ်မြစ်ကိုလည်း မသိရှိခဲ့ပါဘူး။ဖခင်ဖြစ်သူ ယွင်ထျန်းချင်းဟာလည်း ဖျားနာမှုကြောင့် ကွယ်လွန်ခဲ့ရပါတယ်။ တစ်နေ့မှာတော့ သူ့ဖခင်ရဲ့အုတ်ဂူဆီကို ထိုးဖောက်ဝင်ရောက်လာတဲ့ ဟန်လင်ရှားဆိုတဲ့မိန်းကလေးငယ်နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ဦးက ခိုင်မြဲတဲ့ကြိုးကိုတည်ဆောက်ခဲ့ကြပြီး ယွင်ထျန်းဟော်တစ်ယောက် ပြင်ပလောကကိုလေ့လာဖို့ရာ ဟန်လင်ရှားနဲ့အတူ တောင်ထိပ်ပေါ်ကနေဆင်းလာပါတော့တယ်။ လမ်းတစ်ဝက်မှာပဲ လျိုမုံ့လီဆိုတဲ့မိန်းကလေးငယ်တစ်ဦးနဲ့ ထပ်မံတွေ့ဆုံခဲ့ပြန်ပါတယ်။ သူ့ဖခင်ရဲ့အတိတ်နဲ့ သူ့ရဲ့ကိုယ်ပိုင်ဘဝကို သိရှိနားလည်ဖို့အတွက် ယွင်ထျန်းဟော်ဟာ ဟန်လင်ရှား၊လျိုမုံ့လီတို့နဲ့အတူ ခွန်းလွန်ချုံဟွာဂိုဏ်းကို ဝင်ရောက်ခဲ့ပြီး ခွန်းလွန်တောင်ရဲ့အတော်ဆုံးဓားရေးသမားဖြစ်သလို ငယ်ရွယ်တဲ့ဆရာသခင်တစ်ဦးဖြစ်တဲ့ မုရုံဇီယင်းနဲ့တွေ့ဆုံကာ တပည့်တစ်ယောက်အဖြစ် ပညာတွေဆည်းပူးလေ့လာခဲ့ပါတယ်။ လူငယ်လေးယောက်ဟာ ဘဝအတွေ့အကြုံတွေ တဖြည်းဖြည်းသင်ယူခဲ့ကြပြီး မိမိတို့ရဲ့ဘဝအမှန်ကို သိရှိလာရတဲ့အခါ၊ သူတို့ရဲ့ကံကြမ္မာကို ဘယ်လိုအန်တုပြီး ရင်ဆိုင်ကြမလဲ၊မတရားမှုတွေလွှမ်းမိုးနေတဲ့သိုင်းလောကကို တရားမျှတမှုတွေလွှမ်းမိုးတဲ့သိုင်းလောကအဖြစ် ဘယ်လိုတွေပြောင်းလဲကြမလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်ပ