Movie Name
The Forensic Examiner Song Ci (သိုင်းလောကတစ်ခွင်မှ အမှုတွဲများ) (2024)
Year
2024
Generes
Action, Historical
Code
SC0766
Type
Series
Size
4.20 GB
Country
China
Description
1-25 Completed The forensic Examiner of Song Ci ဆိုတဲ့ဇာတ်လမ်းတွဲလေးဟာဆိုရင် ဆန်းကြယ်တဲ့သေမှုသေခင်းတွေကို ချက်ကျလက်ကျနဲ့အမှုဖော်တဲ့ မှုခင်းဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ လျို့ဝှက်ဆန်းကြယ်တဲ့ မှုခင်းဇာတ်လမ်းတွဲတွေကို ကြည့်ရတာကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက် CM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ရှင် ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဗျူဟာများစွာနဲ့ အလွန်စေ့စပ်ပြီး ဆန်းကြယ်တဲ့အမှုတိုင်းကိုစိတ်ဝင်စားပြီး ရအောင်လည်းဖြေရှင်းနိုင်တဲ့စုန့်ချီ , တစ်ခါဖတ်ပြီးတာနဲ့ ဘယ်တော့မှမမေ့တော့တဲ့ photography memory ကိုပိုင်ဆိုင်ထားတဲ့ လီကျစ်ဖန်း , လျို့ဝှက်ပြီး တစ်သီးတစ်သန့်နေတတ်တဲ့ ကျောက်ရှောင်လျို့ , သိုင်းပညာထူးချွန်တဲ့ ယင်ချောက်နဲ့ ကလိမ်ကကျစ်ကျတတ်တဲ့ရှန်းရှီယွဲ့တို့ မတူညီတဲ့ဒေသအသီးသီးက လူငယ်လေး ၆ ဦး က အကြောင်းအရင်းအမျိုးမျိုးကြောင့် တစ်မြို့တည်းမှာအတူတူဆုံမိသွားခဲ့ကြပါတယ် ။ ဒီလိုနဲ့သူတို့ ၆ ယောက်ပေါင်းပြီး ရုံးတော်ကမဖြေရှင်းနိုင်တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို ဖြေရှင်းကြတဲ့အခါမှတော့… ဘယ်လိုဆန်းကြယ်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ကြုံရမလဲ ? သူတို့ကိုရော ဘယ်လိုအန္တာရ်တွေကစောင့်မျှော််နေမလဲ ? ဒါ့အပြင် မြူတွေရဲ့နောက်မှာပုန်းကွယ်နေတတ်တဲ့ အမှန်တရားကိုရော ဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာဖြစ်လို့ မှုခင်းဇာတ်ကားကြိုက်တတ်တဲ့ပရိသတ်ကြီးတို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့ပါနဲ့နော် ။