Movie Name
Sanam Bewafa (1991)
Year
1991
Generes
Drama, Romance
Code
IND1114
Type
Movie
Size
1.38 GB
Country
Bollywood
Description
Sanam Bewafa (1991) Drama, Romance IMDb 5.2/10 (1.5K) အခုတစ်ခါမှာတော့ ဆလ်မန်းခန်းရဲ့ငယ်ရွယ်နုပျိုစဉ်အခါတုန်းက ရိုက်ခဲ့ဖူးတဲ့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါတော့မယ်နော်။ ဒီဇာတ်ကားလေးဟာ Budge သိန်း၉၀သာ သုံးခဲ့ပေမယ့် Box Office မှာ ၁၀.၂၅ကုဋေရရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက တော်တော်လေးအောင်မြင်ခဲ့တဲ့ ကားလည်းဆိုရမယ်။ ၃၇ကြိမ်မြောက် Film Fare ဆုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး။ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ကားလေးပါပဲ။ မာနတွေ အာဃာတတွေ အမုန်းတွေနဲ့ ရန်ငြှိုးထားနေတဲ့ ပထန်မိသားစုနှစ်စုရဲ့အကြောင်းပေါ့ဗျာ။ နှစ်ရှည်လများ နယ်နိမိတ်တွေ ပိုင်ခြားသတ်မှတ်ပြီး နယ်ကျော်သူ သေပွဲဝင်ရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ကြိမ်းမောင်းနေခဲ့ကြတာပေါ့။ ဒီစစ်ပွဲတွေကြားထဲကို နူးညံ့တဲ့ချစ်ခြင်းမေတ္တာလေးဝင်လာခဲ့ပါတော့တယ်။ ဆလ်မန်းနဲ့ ရွခ်ဆာရ်တို့ရဲ့ချစ်ခြင်းမေတ္တာပါပဲ။ သူတို့နှစ်ဦးကတော့ နှစ်ရှည်လများ ရန်ငြှိုးရှိနေခဲ့ကြတဲ့ နှစ်ဖက်မိသားစုရဲ့သားနဲ့သမီးပါ။ မိဘတွေက လူသတ်ဖို့ဝန်မလေးသလို သားသမီးနဲ့ယှဉ်လာရင်လည်း အသက်ပေးကြမယ့်လူစားမျိုးတွေပါပဲ။ ဆလ်မန်းနဲ့ ရွခ်ဆာရ်တို့ရဲ့ချစ်ခြင်းမေတ္တာက ဒီမိသားစုနှစ်စုကိုပြန်လည်ပေါင်းဆည်းစေနိုင်မလား…။ ဒါမှမဟုတ် သေပွဲဝင်သွားကြရမလား…။ အချစ်နဲ့စစ် ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုပေးပါဦးနော်။