Movie Name
Zehan (2024)
Year
2024
Generes
Crime, Thriller
Code
IND1115
Type
Movie
Size
844 MB
Country
Bollywood
Description
Zehan (2024) (စိတ္တဇအချစ်) လူတွေဟာ စိတ်ရဲ့အလိုနောက်ကိုလိုက်ရင်း တချို့က မှန်ကန်တဲ့နည်းလမ်းတွေ ရှာတွေ့သွားကြသလို တချို့ကလည်း လမ်းမှားကိုလိုက်ရင်း ပျော်မွေ့နေတတ်ကြတယ်။ စိတ်ဆိုတဲ့အရာက သိပ်ကိုအံ့ဩဖို့ကောင်းပါတယ်။ လူတစ်ယောက်ကို ကမ္ဘာသစ်တစ်ခုထဲ ခေါ်သွားနိုင်ပါတယ်။ သူသာလျှင် အဲ့ဒီကမ္ဘာမှာကြီးစိုးနေတဲ့တစ်ယောက်ပေါ့ဗျာ။ သူသာလျှင်လူတိုင်းအပေါ် ဩဇာရှိသူပေါ့။ အဲ့ဒီလိုမျိုး စိတ္တဇသမားတွေလည်း ရှိတတ်ကြတယ်။ သူတို့ကို အနိုင်ယူဖို့ဆိုတာမျိုးက လွယ်လှတဲ့ကိစ္စမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ့ကမ္ဘာမှာ သူက မင်းကိုအတွေးတွေနဲ့တင်နိုင်ပြီးသားလေ။ သူ့စိတ္တဇကမ္ဘာမှာ သူသာလျှင် ဘုရင်ပဲမို့လေ။ သူတို့တွေ အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကလည်း ခိုင်ခိုင်လုံလုံကိုရှိနေပါတယ်။ တချို့က ငယ်စဉ်ကတည်းက မိဘမေတ္တာကိုငတ်နေကြတဲ့သူတွေ၊ တချို့ကတော့ နိုင့်ထက်စီးနင်းပြုကျင့်ခံရသူတွေ၊ တချို့ကတော့ မကောင်းတဲ့အတတ်တွေကြောင့် ဘဝပျက်ခဲ့ရသူတွေပေါ့။ ကဲ ဒီဇာတ်လမ်းလေးထဲမှာလည်း စိတ္တဇဆန်တဲ့အချစ်မျိုးကို မြင်တွေ့ရမှာဖြစ်ပြီး ဘာကြောင့် စိတ္တဇဆန်ဆန်အရူးတစ်ယောက်လိုဖြစ်သွားရတာလဲဆိုတာကိုလည်း ရှင်းပြထားပါတယ်။ ပြောနေရတာကြာတယ်ကွာ..ခုပဲ ဒေါင်းကြည့်လိုက်တော့နော်