-
Movie Name
-
The Iron Claw (2023)
-
Year
-
2023
-
Generes
-
Biography, Drama, Sport
-
Code
-
EN3917
-
Type
-
Movie
-
Size
-
1.31 GB
-
Country
-
Hollywood
-
Description
-
The Iron Claw (2023)
~ IMDb – 8/10, RT – 89%, Meta – 73% ~
National Board of Review က အကဲဖြတ်ပေးထားတဲ့ ၂၀၂၃ ရဲ့ Top 10 ၁၀ကားထဲက တစ်ကားပါ။ ဝေဖန်ရေးသမားတွေတော့ တော်တော်ချီးကျူးထားကြပေမဲ့ အော်စကာတော့ တစ်ခုမှကိုမဝင်သွားခဲ့ပါဘူး။ ဒီစာရင်းထဲပါပြီး နောက်ထပ်အော်စကာတစ်ခုမှမဝင်သွားတာကတော့ Ferrari ပါ။ ကျန်တဲ့၈ကားကတော့ Best Picture စာရင်းဝင်ကားတွေချည်းပါပဲ။ A24 က ထုတ်ထားသလို သရုပ်ဆောင်တွေကလည်း Zac Efron, ဒီနှစ်ဆုတွေမနည်းသိမ်းသွားတဲ့ The Bears စီးရီးရဲ့မင်းသား Jeremy Allen White, Triangle of Sadness နဲ့ Where the Crawdads Sing က မင်းသား Harris Dickinson, နောက် Lily James…
ဇာတ်ကတော့ ကျွန်တော်တို့ငယ်ငယ်က ဂိမ်းတွေရော အခွေတွေရော ကစားခဲ့ ကြည့်ခဲ့ဖူးတဲ့ စမတ်ဒေါင်း ခေါ် နပန်းပွဲက နပန်းသမားတွေအကြောင်းပေါ့။ အဲဒီနပန်းလောကရဲ့ အကြီးကျယ်ဆုံးမိသားစုအဖြစ် မှတ်ကျောက်တင်ခံခဲ့ရတဲ့ မိသားစုတစ်ခုအကြောင်းပါပဲ။ ဒီမိသားစုရဲ့အစက ဖရစ်ဇ်ဗွန်အဲရစ်လို့ခေါ်တဲ့ ဂန္ထဝင်နပန်းသမားကြီးကနေစတယ်။ သူက ရည်မှန်းချက်ကြီးတယ်။ သူ့လောကမှာ သူအအောင်မြင်ဆုံးဖြစ်ချင်တယ်။ ကျားကုတ်ကျားခဲကြိုးစားခဲ့တယ်။ ဒီလိုကြိုးစားခဲ့လို့ သူချန်ပီယံဆုအကုန်နီးပါးရခဲ့ပေမဲ့ သူမရခဲ့တဲ့တစ်ခုတည်းသောဆုက ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆု။ နောက်ပိုင်း သူက WCCW လို့ခေါ်တဲ့ World Class Championship Wrestling ပွဲအစီအစဉ်ကို ပိုင်တဲ့သူ။ သူက သူမရခဲ့တဲ့ဆုကို သူ့သားတွေကို ရစေချင်သလို သူတို့မိသားစုကို နပန်းလောကရဲ့ အကြီးကျယ်ဆုံး မိသားစုဖြစ်စေချင်ခဲ့တယ်။ သူ့သားတွေအကုန်လုံးကို နပန်းသမားတွေဖြစ်လာအောင် သူ ကိုယ်တိုင်လေ့ကျင့်ပေးခဲ့တယ်။ ဒီရုပ်ရှင်မှာ နပန်းပွဲတွေနဲ့ သူတို့သားအဖ ညီအစ်ကိုတွေကြားက မိသားစုဒရာမာတွေကို အချိုးကျပြသွားခဲ့တယ်။
WWE Hall of Fame မှာ ဗွန်အဲရစ်မိသားစုကို နပန်းပွဲသမိုင်းရဲ့ အကြီးကျယ်ဆုံးမိသားစုအဖြစ် ၂၀၀၉မှာ မှတ်ကျောက်တင်ခံခဲ့ရတယ်။ The Iron Claw ဟာ ဒီလိုမှတ်ကျောက်အတင်ခံရဖို့ သူတို့မိသားစု ဘယ်လိုကြိုးစားခဲ့ရလဲ ဘယ်လိုကြမ္မာတွေနဲ့ကြုံခဲ့ရလဲဆိုတာကို ပုံဖော်ထားတဲ့ရုပ်ရှင်ပါပဲ။