-
Movie Name
-
The Forbidden Play (2023)
-
Year
-
2023
-
Generes
-
Horror, Thriller
-
Code
-
JP0211
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Japan
-
Description
-
The Forbidden Play (2023) “Kinjirareta Asobi”
~ MyDramaList – 6.8/10 ~
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ပထမအပတ်တုန်းက မြန်မာပြည်မှာရုံတင်သွားခဲ့တဲ့ ဂျပန် Horror, Thriller ဇာတ်ကား The Forbidden Play (2023) ကို တင်ဆက်ပေးလိုက်ပါတယ်။
ယာဉ်တိုက်မှုမတော်တဆဖြစ်စဉ်ကြောင့် မိခင်ဖြစ်သူ အီဟာရမီယူကီ (Ihara Miyuki) ရုတ်တရက် ဆုံးသွားတဲ့အခါမှာ သားဖြစ်သူ အီဟာရဟာရုတို (Ihara Haruto) က သွားလေသူမိခင်ကို အသက်ပြန်ရှင်လာဖိုအတွက် လက်ချောင်းတစ်ချောင်းကို ဖြုတ်ယူ၊ သူတို့အိမ်နောက်ဖေးမှာ မြေမြှုပ်နှံပြီး မိခင်ဖြစ်သူ အသက်ပြန်ရှင်လာဖို့အတွက် နေ့တိုင်းဆုတောင်းပေးနေရာကနေ ထိတ်လန့်ဖွယ်ရာတွေကို ဘယ်လိုတွေ့ကြုံရမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
The Forbidden Play ကိုရိုက်ကူးတဲ့သူကတော့ တစ်ခြားသူမဟုတ်ပါဘူး။ ဂျပန်မူရင်း Ring (1998), Ring 2 (1999), Dark Water (2002) တို့အပြင် L: Change the World (2008), Sadako (2019), “Stolen Identity” Trilogy (2018,2020,2024), Usogui (2022) အစရှိတဲ့ ဂန္ထဝင် Horror, Mystery, Thriller ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Hideo Nakata ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ Shimizu Karuma ရဲ့ Kinjirareta Asobi (The Forbidden Play) စာအုပ်ကို အခြေခံပြီး အဲဒီနာမည်နဲ့ပဲရိုက်ကူးခဲ့တာပါ။
Once Upon a Crime (2023), Karada Sagashi (2022) နောက်ပြီး Kingdom 1-4 မှာ Karyoten အဖြစ် သရုပ်ဆောင်ထားတဲ့ Kanna Hashimoto နဲ့ Daiki Shigeoka တို့ကအဓိကပါဝင်ထားပြီး First Summer Uika, Mayu Hotta, Shinobu Hasegawa တို့လိုသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။
The Forbidden Play ဇာတ်ကားရဲ့ အင်္ဂလိပ်ဘာသာနဲ့ပိုစတာမှာ Scariest Japanese Horror Film of the Year ဆိုပြီးရေးထားပေမဲ့ တကယ်တမ်းတော့ အရမ်းကြောက်စရာမကောင်းပါဘူး။ ဂျပန်သရဲကားတွေထုံးစံ ဇာတ်လမ်းဇာတ်ကွက်က စိတ်ဝင်စားစရာကောင်းပြီး ဟာကွက်တွေရှိနေပေမဲ့ လန့်ချင်၊ ကြောက်ချင်ပါတယ်ဆိုကာမှ သရုပ်ဆောင်တွေရဲ့ အူကြောင်ကြောင်အကွက်တွေကြောင့် ထထရယ်နေမိပါလိမ့်မယ်။ တစ်နေရာမှာတော့ မထူးဆန်းလှတဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်း တစ်ခန်းတစ်လေပါလာလို့ ဒီကပြည်တွင်းရုံတွေမှာ ဆင်ဆာရရဲ့လားမသိဘူးလို့တွေးမိပါသေးတယ်။
အက်ရှင်ကားတွေလည်းမကြည့်ချင်၊ ဦးနှောက်သုံးရတဲ့ကားတွေလည်းမကြည့်ချင်၊ အရမ်းကြောက်ဖို့ကောင်းတဲ့သရဲကားတွေလည်းမကြည့်ချင်၊ “ကြည့်နေတုန်းကြောက်၊ ကြည့်ပြီးတာနဲ့မေ့” ဆိုတဲ့သရဲကားကို တစ်ညတာအတွက် အချိန်ဖြုန်းကြည့်ချင်ရင်တော့ Ring (1998) ကြောင့် King of the Japanese Horror Film Director တစ်ပါးလို့ ဒီနေ့ခေတ်အထိ နာမည်ကြီးနေတဲ့ ဒါရိုက်တာ Hideo Nakata ရဲ့ အခုကား The Forbidden Play (2023) ကိုကြည့်ဖို့ တိုက်တွန်းပါရစေ။