Movie Name
A Hologram For The King (2016)
Year
2016
Generes
Comedy, Drama
Code
00754
Type
Movie
Size
801 MB
Country
Hollywood
Description
Tom Hanks ရိုက်ရင်ဘယ်လိုရုပ်ရှင်အတန်းအစားတွေကိုပဲရိုက်တယ်ဆိုတာ အထူးတလည်ရှင်းပြဖို့လိုမယ်မထင်ပါဘူး..ပထမဆုံးပြောချင်တာက ဒီကားရဲ့ ဒါရိုက်တာ Tom Tykwer .. Tom Tykwer က Perfume: The Story of a Murderer (2006) (အရပ်အခေါ်ရေမွှေးကား) ၊ Run Lola Run (1998) တို့လို ဇာတ်အိမ်သိမ်မွေ့နက်နဲကောင်းမွန်လှတဲ့ နာမည်ကျော်ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင်ဆိုတော့ သူ့အရည်အချင်းကို သံသယဖြစ်စရာလိုမယ်တောင်မထင်ပါဘူး။ ဒါပေမယ့် Music Composer တစ်ယောက်လည်းဖြစ်တဲ့ Tom Tykwer ရဲ့ တင်ပြချက်တွေဟာ ဖမ်းဆုပ်ရခက်ပါတယ်။ ဥပမာ Tom Hanks ရဲ့ ပရိတ်သတ်စစ်စစ်ပါဆိုတဲ့ ကျွန်တော်တောင် Tom Hanks နဲ့ပဲ သူရိုက်ကုူးခဲ့တဲ့ Cloud Atlas လိုရုပ်ရှင်မျိုးကိုတော့ ခံစားရခက်ခဲတယ်။ ဒဲ့ ဝန်ခံရရင် ဘာကိုဆိုလိုချင်မှန်းမသိဘူးပေါ့ဗျာ။ ကိုယ်ဉာဏ်မမှီတာဖြစ်မှာပါ။ A Hologram for the King ဆိုတဲ့စိတ်ဝင်စားစရာကောင်းတဲ့ Title အောက်မှာ Tom Hanks နဲ့တွဲတွေ့ရတော့ အရမ်းကြည့်ချင်မိပေမယ့် Tom Tykwer ကိုတော့ လန့်နေမိတာပေါ့.. တကယ်ကြည့်တော့ အထင်နဲ့အမြင်လွဲမှားလောက်အောင်ကို ဇာတ်လမ်းရသပေးပါတယ်။ ဘဝ၊မိသားစု၊ကျန်းမာရေး၊စီးပွါးရေး တွေစသဖြင့်စသဖြင့်ကို ရှုထောင့်တမျိုးကနေပညာသားပါပါပြသွားတဲ့ တန်းမြင့် Drama ရုပ်ရှင်ပါ။ ဇာတ်လမ်းတည်တာကလည်း ဘာသာရေးစည်းမျဉ်းတွေ အရမ်းကျပ်တည်းရှုပ်ထွေးလွန်းလှတဲ့ ဆော်ဒီလိုနိုင်ငံမျိုးမှာ စီးပွါးရေးသွားလုပ်ရတဲ့ အမေရိကန်စီးပွါးရေးသမား တစ်ယောက်ရဲ့အကြောင်းနဲ့ဆိုတော့ .. မိနစ်တိုင်းလုံးဝစိတ်ဝင်စားစရာတွေဖြစ်နေတာ။ ဒဲ့ပြောရရင် ဒီအကြောင်းအရာတွေဟာ ရုပ်ရှင်တွေထဲမှာမြင်တွေ့လေ့မရှိပါဘူး။ (Non-Muslim ဝင်ခွင့်မရှိတဲ့နေရာတွေကို အမှတ်မထင်ဖြတ်သန်းရတဲ့အခန်းတွေ၊ အမျိုးသမီးတွေအပေါ်ဖိနှိပ်သလိုဖြစ်နေတဲ့ ဥပဒေတွေ၊ အာရပ်ကမ္ဘာရဲ့ အနောက်နိုင်ငံအပေါ်မြင်တဲ့အမြင်တွေကို ပညာသားပါပါရိုက်ပြသွားတာပါ) အမုန်းတရားဖြန့်ချိတဲ့ ဇာတ်ကားတော့မဟုတ်ပါဘူး.. (ဟီးဟီး) ဆက်ညွှန်းနေရင်တမျိုးထင်မှာစိုးလို့..ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုလို့ပဲ အတိုချုပ်ပြောပါရစေ..။IMDb Rating(6.1/10) ပါ။(ရုပ်ရှင်အညွှန်းကို Ko Aung Zaw Oo Facebook (facebook.com/aungzawoo.mtla) မှကူးယူဖော်ပြပါသည်။) File size…(800MB)