Movie Name
Love Endures (သံယောဇဉ်ကြိုးလေး မယိမ်းယိုင်သွားပါ ) (2024)
Year
2024
Generes
Drama, Romance
Code
SC0774
Type
Series
Size
7.80 GB
Country
China
Description
1-32 Completed ငှက်ကလေးက အရွယ်ရောက်ပြီး တောင်ပံခတ်ကာ အဝေးကို သွားချင်နေတဲ့အခိုက်အတန့်... ‌ငှက်ကလေးကို ဝေလငါးလေးလိုမျိုး သူနဲ့အတူရှိနေစေချင်တဲ့ ငါးကလေးရှိနေလေရဲ့~♡🐟🕊️ 🐳Love Endures (要久久爱 2024) သံယောဇဉ်ကြိုးလေး မယိမ်းယိုင်သွားပါ🐳 Soulers လေးတွေအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ မင်းသမီးလေး Yang Zi နဲ့ မင်းသားချောလေးဖြစ်တဲ့ Fan Cheng Cheng တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကလည်း မိုက်နေပြီဆိုတော့ အညွှန်းလေးကို မြန်မြန်သွားလိုက်ကြအောင်လားရှင်♡ 🐳ဇာတ်လမ်းအညွှန်း မြောက်ပိုင်းက နိုင်ငံ့ဝန်ထမ်းဝန်းလေးထဲမှာ တစ်‌မအေထဲက မွေးတဲ့ မောင်နှမတွေလို အရမ်းရင်းနှီးကြတဲ့ ကလေးခြောက်ယောက်က သူတို့ကိုယ်သူတို့ အာကာသယာဉ်မှူးခြောက်ဦးလို့ အမည်ပေးထားသတဲ့။ သူတို့တွေက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကောင်းကောင်းဖြေဆိုပြီး ပေကျင်းမြို့မှာ တက္ကသိုလ်အတူတူတက်ကြမယ်လို့ ကတိပြုထားတယ်။ ဒါပေမဲ့ ကံတရားက မျက်နှာသာမပေးတော့ ဟွမ်ယင်းကျီတစ်ယောက်တည်းကပဲ ပေကျင်းကို ဝင်ခွင့်ရတယ်။ ခြောက်ယောက်အဖွဲ့လေးက ဒီလိုနဲ့ပဲ ‌အလှမ်းဝေးသွားတယ်။ ဟွမ်ယင်းကျီက ပေကျင်းမှာ ကျောင်းသွားတက်ပြီး ကျန်ရိကလည်း သူတို့မြို့ငယ်ကနေ ထွက်သွားခဲ့တယ်။ "ဆယ့်ခုနစ်နှစ်အရွယ်မှာ ဘယ်သူ့ကို သဘောကျခဲ့လဲ" ဆိုတဲ့မေးခွန်းလေးရဲ့ အဖြေက သူတို့ခြောက်ယောက်ရဲ့ နှလုံးသားထဲမှာ လျှို့ဝှက်ချက်အဖြစ် ထိမ်ကျန်နေလေရဲ့။ ဒီလိုနဲ့ နေရာသစ်တွေမှာ အလုပ်အကိုင်ကိုယ်စီနဲ့ သူတို့စိတ်ကူးထားတဲ့ လူငယ်ဘဝရယ် လက်တွေ့လူငယ်ဘဝရယ်ကြားက ကွာဟချက်တွေကြောင့် အခက်အခဲတွေ ကြုံတွေ့ခဲ့ကြရတယ်။ နှစ်အတော်ကြာတော့ တစ်ဦးချင်းစီရဲ့ အတိတ်ကအမာရွတ်တွေကို ဖုံးကွယ်ပြီး အသက်‌မွေးဝမ်းကြောင်းအသီးသီးမှာ အောင်မြင်မှု‌တွေ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အချိန် ငယ်‌ပေါင်းသူငယ်ချင်းခြောက်ယောက်က မင်္ဂလာပွဲတစ်ခုမှာ ပြန်ဆုံကြသောအခါ... နှစ်တွေကြာမှ ပြန်ဆုံတဲ့ ငယ်သူငယ်ချင်းခြောက်ယောက် အရင်လိုမျိုးအတူတူပြန်ရှိနိုင်ပါ့မလား...။ သူတို့နှလုံးသားထဲက လျှို့ဝှက်ချက်လေးကိုရော ဝေမျှကြမှာလား...။ လူငယ်အငွေ့အသက်လေးတွေ လွှမ်းခြုံထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်လက်ရာအကောင်းဆုံးနဲ့ အရည်အသွေးအကောင်းဆုံး တင်ဆက်ပေးနေတဲ့ SoulKingdom မှာ "သံယောဇဉ်ကြိုးလေး မယိမ်းယိုင်သွားပါ" ဆိုတဲ့ ဇာတ်လမ်းလေးကို အတူတူကြည့်ရအောင်လေနော်♡