-
Movie Name
-
Acts Of Vengeance (2017)
-
Year
-
2017
-
Generes
-
Action
-
Code
-
00755
-
Type
-
Movie
-
Size
-
744 MB
-
Country
-
Hollywood
-
Description
-
အက်ရှင်ဇာတ်ကြမ်းကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးက IMDb မှာ ၅.၈ ရထားပါတယ် ဒီကားထဲမှာ ဖရန့်အဖြစ်တော့အားလုံးနဲ့ ရင်းနှီးနေတဲ့ မင်းသားကြီး Antonio Banderas ကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ရှေ့နေဖြစ်သူ ဖရန့်ဗီလာရာဟာသူ့မိန်းမနဲ့ သမီးဖြစ်သူဟာဧည့်ခံပွဲတခုကိုသွားရာက အသတ်ခံလိုက်ရပါတယ်။သူကိုယ်တိုင်ကတော့ ပွဲကိုလာဖို့ကတိပေးခဲ့ပေမယ့်အလုပ်များနေတာကြောင့် မသွားဖြစ်ခဲ့ပါဘူး။ သူ့မိန်းမနဲ့သမီးလေး အသတ်ခံရတဲ့အမှုကိုသူ့ခမျာအသည်းအသန်ဖော်ထုတ်စေချင်ပေမယ့် ဘာသက်သေမှမကျန်မျက်မြင်သက်သေလည်းမရှိတာကြောင့်ခက်ခဲနေပါတယ်။ သူကြားခဲ့ရသမျှဟာ နှစ်သိမ့်စကားတွေချည်းပါပဲ။သူသာကတိအတိုင်း ပွဲကိုသွားခဲ့ရင်…ဆိုပြီး ယူကြုံးမရဖြစ်ပြီးလက်ဝှေ့ပွဲတွေမှာ အထိုးခံပြီး သူ့ကိုယ်သူအပြစ်ပေးနေပါတယ်။ ဒါပေမယ့် သူ့အမှုကို သေချာမစုံစမ်းတော့ပဲ အမှုပိတ်ခါနီးဖြစ်လာချိန်မှာတော့ဖရန့်ဟာ လူသတ်သမားကို သူကိုယ်တိုင်ဖော်ထုတ်ပါတော့တယ်။ သူတဖြည်းဖြည်း သဲလွန်စနောက်ကိုလိုက်ခဲ့ချိန်မှာတော့ လူသတ်သမားဟာသူရင်းနှီးသူဖြစ်နေပါတယ်။ ဘာကြောင့်သူ့မိန်းမနဲ့ သမီးလေးကိုသတ်တာလဲ။ လူသတ်သမားကို ဘယ်လိုခဲရာခဲဆစ် လိုက်ခဲ့ရလဲဆိုတာတော့…ပရိတ်သတ်ကြီးက ဆက်လက်ရှူစားကြရမှာဖြစ်ပါတယ် 😀