Movie Name
Bhama Kalapam 2 (2024)
Year
2024
Generes
Crime, Drama, Thriller
Code
IND1120
Type
Movie
Size
1.18 GB
Country
Bollywood
Description
BhamaKalapam 2 (or) ပါလေရာငပိချက် IMDb – 8.2/10 ဒီတစ်ခေါက်မှာတော့ ၂၀၂၂ကထွက်ရှိထားတဲ့ comedy Crime ဇာတ်လမ်း BhamaKalapamရဲ့အဆက် BhamaKalapam 2ကို တင်ဆက်ပေးချင်ပါတယ် အာနူပါးမားလို့ခေါ်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်က သူ့ရဲ့ဟင်းချက်စကေးကြောင့်နဲ့ ယူကျုမှာ နာမည်ကြီးနေပါတယ်။ သူ့ရဲ့ မဆိုင်တဲ့ကိစ္စကို ဝင်ပါတတ်တဲ့အကျင့်ကြောင့်လည်း သူ့မှာစိတ်ဒဏ်ရာအကြီးအကျယ်ရခဲ့ဖူးပါတယ်။ ဒီလိုနဲ့ အိမ်အလုပ်လုပ်လိုက် ယူကျုချန်နယ်လေးမှာတင်လိုက်နဲ့ တစ်ရက်တစ်ရက် ပျင်းနေတာနဲ့ သူ့ခင်ပွန်းဆီကနေ ခွင့်တောင်းပြီးတော့ ဟိုတယ်လေးတစ်ခုကိုဖွင့်လှစ်လိုက်ပါတော့တယ်။ ပြီးတော့ ဟင်းချက်ကျွမ်းကျင်သူဖြစ်တဲ့အလျောက်ကို ကမ္ဘာ့နာမည်ကြီးဟင်းချက်ပြိုင်ပွဲတစ်ခုမှာ လျှောက်လွှာလိုက်ရင်း ပါဝင်ခွင့်ရသွားခဲ့ပါတယ်။ အာနူပါးမားဟာ ဟိုတယ်ကို သူ့ရဲ့အိမ်ဖော်ကောင်မလေး ရှီလ်ပါနဲ့အတူဖွင့်ရင်း တစ်ရက် သူတို့ဆိုင်မှာ လူဆိုးတစ်ယောက်က ခဏခဏလာတာကို သတင်းရသွားပြီးတဲ့နောက်မှာ ရဲတွေက လာရောက်ဖမ်းဆီးရင်း လူဆိုးက ထွက်ပြေးကာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မတော်တဆဖြစ်ကာ အာနူပါးမားဟာ ကားမောင်းသင်ရင်းလူဆိုးကို တိုက်မိသွားရာကနေ အဲဒီလူဆိုးက အာနူပါးမားကို လာရောက်ခြိမ်းခြောက်ပါတော့တယ်။ တစ်ရက် သူတို့တွေ ဟိုတယ်က စားသောက်ဆိုင်လေးကိုဖွင့်ဖို့ပြင်တုန်း အအေးခန်းထဲမှာ အလောင်းတစ်လောင်းကို တွေ့ရှိရင်း တိုင်ပတ်ကြပါတော့တယ်။ အဲဒီအလောင်းက ဘယ်ကနေ ရောက်လာတာလဲ ……… သူများကိစ္စဆိုရင် ဝင်ပါတတ်တဲ့ အာနူပါးမားတစ်ယောက် ဒီအမှုကြီးနဲ့ ဘယ်လိုပတ်သတ်သွားတာလဲ ….. ဟင်းချက်ပြိုင်ပွဲဝင်ရင်းနဲ့ရော ဘာတွေဆက်ဖြစ်ဦးမလဲ …. ဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။