-
Movie Name
-
Broken The Heart (အမုန်းတရားနွယ်တဲ့ နှလုံးသားငယ်) (2024)
-
Year
-
2024
-
Generes
-
Historical, Romance
-
Code
-
SC0778
-
Type
-
Series
-
Size
-
5.11 GB
-
Country
-
China
-
Description
-
1-22 Completed
ဒီဇာတ်ကားလေးကတော့ အမုန်းတရားနွယ်တဲ့ နှလုံးသားငယ်(Broken the heart)လို့ အမည်ရပြီး သရုပ်ဆောင်များအနေနဲ့ဆိုရင်တော့ Stand by me, Blood of youthနဲ့ Governor's Secret Loveတို့မှာ လူသိများလောက်တဲ့ မင်းသားချော Deng Kaiနဲ့ Extremely perilous Love, Provokeတို့မှာ ဒီကပရိတ်သတ်တွေ မှတ်မိကြလောက်မဲ့ မမချောချောလေး Li Mu Chenက အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအမြည်းလေးကတော့
ယင်းပြည်ထောင်မင်းသမီး ယင်းရော့ရွှေဟာ ငြိမ်းချမ်းရေးလက်ထပ်ပွဲအတွက် ရန်သူ့တိုင်းပြည် နန်ကျန်းက အိမ်ရှေ့စံမင်းသားယွီဝမ်ရှန်းနဲ့ အတင်းအကြပ်လက်ထပ်ခဲ့ရပါတယ် သူမရဲ့မိခင်ပြည်ထောင်ဖြစ်တဲ့ ယင်းပြည်ထောင်ကို မုန်းတီးနေတဲ့ ယွီဝမ်ရှန်းရဲ့ နှိပ်စက်မှုမျိုးစုံကို မခံနိုင်တော့တဲ့အဆုံး အသက်လုထွက်ပြေးလာခဲ့ပါတော့တယ် အဲဒီနောက်မှာ လျောင်မြို့စစ်သူကြီး လင်စန်းဝူနဲ့တွေ့ခဲ့ရာမှ လင်စန်းဝူက မျက်နှာကိုပြုပြင်ပေးလိုက်ပြီးနောက် ချင်ရော့ယောင်ဆိုတဲ့ နာမည်နဲ့ ဇာတ်မြှုပ်နေထိုင်ဖို့ကြိုးစားခဲ့ပါတော့တယ်
သို့ပေမဲ့ ကံကြမ္မာရေစက်က မကုန်သေးလေတော့ သူတစ်သက်လုံးရှောင်ပြေးချင်တဲ့ အိမ်ရှေ့မင်းသားနဲ့ လျောင်မြို့မှာ ပြန်ဆုံရာမှာတော့
မျက်နှာပြောင်းလဲသွားတဲ့ မိဖုရားဖြစ်သူကို မှတ်မိနေဆဲ အိမ်ရှေ့စံမင်းသားက ဘယ်လိုများ သူ့မိဖုရားကို ပြန်လည်သိမ်းပိုက်မလဲ
နှစ်ယောက်သား သူလိုက်ကိုယ်ပြေး ကံကြမ္မာရဲ့အဆုံးမှာ သံယောဇဉ်တွေ ဘယ်လိုပေါက်ဖွားလာကြမှာလဲ
"မင်းကိုလည်းချစ်တယ် နိုင်ငံကိုလည်းယူမယ်"ဆိုတဲ့ ယွီဝမ်ရှန်းနဲ့ ယင်းရော့ရွှေတို့ကြား အမုန်းတရားကပဲ အနိုင်ယူသွားမလား နှလုံးသားကပဲ အနိုင်ယူသွားမလားဆိုတာကို
အမုန်းတရားနွယ်တဲ့ နှလုံးသားငယ်(Broken the heart)ဆိုတဲ့ ဒီဇာတ်ကားလေးမှာ ကြည့်ရှုခံစားနိုင်ဖို့အတွက် GC chinese telegram channelနဲ့ website,appတို့မှာ တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်~