Movie Name
American Voieince (2017)
Year
2017
Generes
Action
Code
00760
Type
Movie
Size
773 MB
Country
Hollywood
Description
GC ဝိုင်းတော်သားများအနေနဲ့ ပရိတ်သတ်ကြီးအတွက် American Violelnce ဆိုတဲ့ 2017 ထွက် အသစ်စက်စက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျနော်တို့ရဲ့ လူ့ပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေက မကြာခနဆိုသလို ဖြစ်ပေါ်နေကြပါတယ်။ အဲဒီလို အကြမ်းဖက်မှုတွေက ဘယ်လိုအကြောင်းအရင်းတွေကြောင့်များ ဖြစ်ပေါ်လာရတာလဲ။ နောက်ကွယ်က ဘယ်လိုနာကျည်းမှုတွေက ဒီလိုအကြမ်းဖက်ဖို့ လှုံ့ဆော်ပေးနေတာလဲ။ ရန်ကိုရန်ခြင်း တုံ့ပြန်လိုက်ခြင်းက နာကျင်ကြေကွဲစရာတွေပဲ ဖြစ်လာစေတယ်ဆိုတာကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဝါရင့်သရုပ်ဆောင်မင်းသားကြီး Bruce Dern၊ မင်းသား Kaiwi Lyman မင်းသမီး Denise Richards နဲ့ Emma Rigby တို့ ပါဝင်သရုပ်ဆောင်ထားပြီး Crime Drama ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကလေးဘဝကတည်းက အကြမ်းဖက်မှုဆိုတာကို ခါးသီးစွာခံစားခဲ့ရပြီး သေဒဏ်ပေးခံရဆဲဆဲ အကျဉ်းသားတစ်ဦးဖြစ်တဲ့ Shae (Kaiwi Lyman) ရဲ့ အကြမ်းဖက်မှုရာဇဝင်ကို ဥပဒေ စိတ်ရောဂါပညာရှင် Dr. Amanda (Denise Richards) ကို စုံစမ်းဖို့ တာဝန်ပေးလိုက်တဲ့အခါမှာ Shae ရဲ့ ဘဝခါးသီးမှုတွေကို တွေ့ရှိခဲ့တဲ့ Amanda တစ်ယောက် တရားဥပဒေလက်ထဲကနေ Shae ကို ကယ်ထုတ်နိုင်ပေးနိုင်မလား? အကြမ်းဖက်မှုမှန်သမျှဟာ တရားစီရင်ခံရမှာဖြစ်တဲ့အတွက် Shae တစ်ယောက် ဥပဒေကပေးတဲ့အပြစ်ကိုပဲ ခံယူသွားရမလား? ဆိုတာကို ပရိတ်သတ်ကြီး ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်လိုက်ပါတယ်။