Movie Name
Tell Me A Creepy Story (2023)
Year
2023
Generes
Horror
Code
EN3938
Type
Movie
Size
483 MB
Country
Hollywood
Description
ဒီရုပ်ရှင်က တစ်ကားထဲမှာ ဇာတ်လမ်းလေးပုဒ်ပါပါတယ်။ ဒါကြောင့် တစ်နာရီခွဲအတွင်းမှာ မတူညီတဲ့ ဟော်ရာအပိုင်းတို လေးခုကို ကြည့်ရှုခံစားရမှာပါ။ ပထမဆုံးအပုဒ်က‌တော့ အစားကြူတဲ့ “ဂျိုး”အကြောင်းပါ။ ဂျိုးက မွေးစကတည်းက မိခင်နို့ကို မရပ်မနားစို့တဲ့အပြင် အချိတ်တန်အရွယ်ရောက်လာတော့လည်း အစားနဲ့ပါးစပ်မပြတ်အောင် ဖုတ်၀င်နေသလိုစားတဲ့နောက်… ဂျိုးကဘယ်သူလဲ ဂျိုးတစ်ယောက်ဘယ်လိုအဆုံးသတ်သွားမလဲ… ဒုတိယတစ်ခုကတော့ လူသတ် မြေမြှုပ် အလောင်းဖျောက်လိုက်လို့ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ လယ်သမားတစ်ယောက်အကြောင်း… တတိယဇာတ်လမ်းကတော့ ညဖက်ကြီး မိန်းမငယ်တစ်ဦး အိမ်မှာတစ်ယောက်တည်းရှိနေတုန်း ရေပိုက်ပြင်ဖို့ ကုမ္ပဏီကိုဖုန်းဆက်ခေါ်ရာကနေ ခေါ်ထားတဲ့လူထက်ပိုပြီး မမျှော်လင့်ထားတဲ့ ပိုက်ပြင်သမားကပါ ရောက်ချလာခဲ့တဲ့အခါမှာတော့… နောက်ဆုံးဇာတ်လမ်းကတော့ နယ်လှည့်အလှူပတ်ခံနေတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါး ကံမကောင်းအကြောင်းမလှဘဲ သားသတ်သမားလင်မယားနှစ်ယောက်ရဲ့အိမ်မှာ အလှူ၀င်ခံရင်း ညစာစားဖို့ဆုံးဖြတ်လိုက်မိတဲ့နောက်… မတူညီတဲ့ ဇာတ်လမ်းလေးခုကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အခန်းမီးပိတ်ပြီး ကြည့်လိုက်ကြပါဦး။ အော်ဂလီဆန်စရာရိုက်ချက်တွေ ပါ၀င်တာကြောင့် အစာစားနေရင် မကြည့်ဖို့ သတိပေးလိုက်ပါရစေ။