-
Movie Name
-
Miriam Maa (2023)
-
Year
-
2023
-
Generes
-
Comedy, Drama
-
Code
-
IND1127
-
Type
-
Movie
-
Size
-
1.11 GB
-
Country
-
Bollywood
-
Description
-
Miriam Maa (2023) “အငှားဝမ်းကြာတိုက်”
အခုတစ်ခေါက်တင်ဆက်ပေးမယ့် ကားလေးကတော့ အမျိုးသမီးဝါဒနဲ့ မိခင်စိတ်တို့ကို ပညာပေးပုံစံလေးရိုက်ထားတဲ့
တမီးလ် ဟာသ ဒရာမာလေး ဖြစ်ပါတယ် IMDb 8.5 အထိ ရထားပြီး ရိုးရှင်းတဲ့ တင်ဆက်မှုကြောင့် ဇာတ်ကားအရှည်ကြီး ကြည့်ရမှာ ပျင်းတဲ့ ပရိသတ်တွေလည်း ခဏတာ အမောဖြေလို့ရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ မီရီရမ်ဆိုတဲ့ အသက်ငါးဆယ်အရွယ် မိန်းမတစ်ယောက်က သူ့အသက် ၁၈ နှစ်အရွယ်မှာတင် အိမ်ထောင်ပြုခဲ့ရပြီး သိပ်မကြာခင်မှာပဲ ယောကျာ်းက ပစ်သွားခဲ့လို့ သားလေးနဲ့အတူ နှစ်ယောက်တည်း ရုန်းကန်ခဲ့ရတဲ့ အမျိုးသမီးပါ
တစ်နေ့ သားဖြစ်သူက သူငယ်ချင်းနှစ်ယောက်ကို အိမ်အလည်ခေါ်လာပြီး အဒေါ်ကြီးနဲ့ စကားလက်ဆုံကျရင်း သားရဲ့ သူငယ်ချင်းမိန်းကလေး အိုင်ရှူရဲ့ သားအိမ်က ကလေးယူလို့မရနိုင်တဲ့အတွက် အငှားကိုယ်ဝန်ဆောင် လိုက်ရှာနေတဲ့အကြောင်းဆီ စကားစပ်မိသွားပါတယ်
အိန္ဒိယရဲ့ ရှေးရိုးစွဲလူ့အဖွဲ့အစည်းရဲ့ ထုံးစံအတိုင်း အိုင်ရှူရဲ့ အခြေအနေကို ယောက္ခမလောင်းတွေက လက်မခံကြပါဘူး
ဒါကို မိန်းမသားချင်းကိုယ်ချင်းစာသွားတဲ့ အဒေါ်ကြီး မီရီရမ်က
သူကိုယ်တိုင် အငှားကိုယ်ဝန်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်
အသက် ၅၀ အရွယ်မိန်းမတစ်ယောက်ရဲ့ မိခင်စိတ်ကို ပီပီပြင်ပြင်
ဖော်ကြူးထားနိုင်တဲ့ ဇာတ်ကားလေးမို့ ဒေါင်းကြည့်လိုက်ပါဦး