-
Movie Name
-
Anti Matter (2016)
-
Year
-
2016
-
Generes
-
Sci-Fi
-
Code
-
00761
-
Type
-
Movie
-
Size
-
832 MB
-
Country
-
Hollywood
-
Description
-
အရာဝတ္ထုတွေ၊သတ္တဝါတွေကိုတစ်နေရာကနေတစ်နေရာချက်ချင်းပို့ဆောင်ပေးနိုင်မယ့်စကြာဝဠာလမ်းကြောင်းတွေရှိနိုင်မလား။ဖန်တီးလို့ရောရနိုင်မယ်ထင်ပါသလား။ Scientificရုပ်ရှင်တွေကိုမှကြိုက်တဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီကားလေးကတော့Wormhole Theoryဆိုတဲ့universeတစ်ခုနဲ့တစ်ခုပတ်လမ်းကူးပြောင်းလမ်းတွေဖောက်ပြီးသွားလို့ရနိုင်တယ်ဆိုတဲ့သီအိုရီလေးကိုအခြေခံထားတဲ့တကယ့်Science movieလေးဖြစ်ပါတယ်။အန်နာဟာသူ့ရဲ့ပါရဂူဘွဲ့အတွက်သုတေသနတစ်ခုပြုလုပ်နေတာပဲဖြစ်ပါတယ်။မထင်မှတ်ပဲစမ်းသပ်နေစဉ်အတွင်းမှာစမ်းသပ်ပစ္စည်းဟာရုတ်တရတ်ပျောက်သွားပါတယ်။ဘာကြောင့်လဲဆိုတာသူမသိသေးပါဘူး။ဒီလိုနဲ့နေသန်ဆိုတဲ့ကောလိပ်စတက်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းရောက်လာချိန်မှာတော့အရာဝတ္ထုဟာဒီတိုင်းပျက်စီးသွားတာမဟုတ်ပဲတစ်နေရာရာကိုရွေ့သွားတာပဲဖြစ်မယ်ဆိုတဲ့ယူဆချက်နဲ့အညီစမ်းသပ်စစ်ဆေးမှုတွေလုပ်ကြပါတော့တယ်။နောက်ထပ်သူငယ်ချင်းတစ်ယောက်ရဲ့အားဖြည့်ကူညီမှုပါဝင်လာပြီးနောက်သုတေသနလုပ်ငန်းဟာအရှိန်ဟုန်မြှင့်လာပါတော့တယ်။ဒါပေမယ့်သူတို့ဘယ်လောက်ထိအောင်မြင်သွားသလဲ။စမ်းသပ်မှုမှာဘာတွေဖြစ်သွားသလဲ၊သုတေသနလုပ်တာဖြစ်တဲ့အတွက်ဘာတွေမှားယွင်းမှုရှိသွားသလဲ၊သိပ္ပံပညာရှင်တွေဆိုတာဘာတွေလဲ၊ဘယ်လိုစိတ်ဓာတ်ကြံခိုင်ရမလဲ၊ဆိုတာတွေကိုတွေ့ရမှာပါ။ဇာတ်ရှိန်အတက်အကျတွေနဲ့မသိတာတွေများစွာနဲ့မို့စိတ်ဝင်စားစရာကောင်းလှပါတယ်။Jumperတို့Flashဇာတ်လမ်းတွဲထဲကလိုuniverseတစ်ခုနဲ့တစ်ခုဘယ်လိုကူးပြောင်းသွားနိုင်မလဲ၊တစ်နေရာနဲ့တစ်နေရာချက်ချင်းဘယ်လိုရောက်သွားနိုင်မလဲ၊စကြာဝဠာနဲ့အချိန်ကာလဆိုတဲ့ကြားကရုတ်တရတ်ပြောင်းလဲမှုကြောင့်ဘာဘေးထွက်ဆိုးကျိုုးတွေထွက်သွားလိမ့်မလဲဆိုတာဒီကားလေးကတကယ့်သိပ္ပံအမြင်သိပ္ပံအသုံးအနှုန်းတွေနဲ့ရိုက်ပြသွားတာပါ။Scienceစိတ်ဝင်စားတဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့စေမယ့်ကားလေးဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်ဗျာ။ဘယ်လိုစိတ်ဝင်စားစရာကောင်းမလဲဆိုတာတော့ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ပါ။ (တချို့သောသိပ္ပံဆိုင်ရာအသုံးအနှုန်းတွေကိုတတ်နိုင်သလောက်အဆင်ပြေအောင်ဘာသာပြန်ထားပေမယ့်လိုအပ်ချက်တွေ့ရှိနိုင်တာမို့မှားယွင်းမှုများရှိရင်ကျွန်တော်ဘာသာပြန်သူအမှားသာဖြစ်ပါတယ်လို့ကြိုတင်တောင်းပန်အပ်ပါတယ်။)