-
Movie Name
-
My Happy Ending (2023)
-
Year
-
2023
-
Generes
-
Drama, Thriller
-
Code
-
SKR0960
-
Type
-
Series
-
Size
-
5 GB
-
Country
-
Korea
-
Description
-
အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံး
ပရိတ်သတ်ကြီး အချစ်တော် မင်းသမီးရဲ့ကားကောင်းလေး လာပါပြီ❤️
ယုံကြည်ခဲ့ရတဲ့သူတွေဆီကနေ သစ္စာဖောက်ခြင်းကို ခံခဲ့ရတဲ့အခါ... ဘယ်လိုတွေဆက်ဖြစ်ပြီး ဘယ်လိုမျိုးလက်စားချေမလဲဆိုတာကို
အတူတူ စိတ်ဝင်တစား
ကြည့်သွားကြရအောင်ပါနော်❤️❤️
ပရိဘောဂ ကုမ္ပဏီတစ်ခုရဲ့ CEO လည်းဖြစ်၊ Follower 1သန်းကျော်ရှိတဲ့ influencer တစ်ဦးလည်းဖြစ်တဲ့
အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ ဆောဂျယ်ဝန်းဟာ ငယ်ဘဝမှာကတည်းက လောင်းကစားစွဲနေတဲ့
အမေရင်းကိုယ်စား ပထွေးဖြစ်သူရဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုနဲ့အတူ အခက်အခဲမရှိ ဖြောင့်ဖြူးတဲ့ဘဝမှာ
ကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ်။
ဒါ့အပြင် အောင်မြင်လာတဲ့အထိ ဘေးကနေ ကိုယ်ရောစိတ်ပါ ကူညီပေးပြီး
မိသားစုကို အလေးထားတဲ့ ခင်ပွန်းကောင်းရယ်၊ ချစ်စရာသမီးလေးရယ်နဲ့ ပျော်ရွှင်ဖွယ်မိသားစုကို
ပိုင်ဆိုင်ထားတဲ့အပြင် အားကိုးရတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းကိုပါ ပိုင်ဆိုင်ထားပါသေးတယ်။
ဆောဂျယ်ဝန်းဟာ သူအခုလို အစစ အရာရာ ပြည့်စုံပြီး အောင်မြင်နေတဲ့ဘဝကို
ပိုင်ဆိုင်နိုင်တာဟာ သူ့ဘေးကလူတွေရဲ့ကျေးဇူးတွေကြောင့်လို့တွေးပြီး သူ့ဘေးကလူတွေကို အကျွင်းမဲ့ ယုံကြည်နေခဲ့ပါတယ်။
ဒါပေမယ့် တစ်ချိန်မှာတော့ သူ့ရဲ့ ယုံကြည်မှုတွေအားလုံးကို ရိုက်ချိုးခံလိုက်ရတဲ့
အခိုက်အတန့်ဟာ ရောက်ရှိလာခဲ့ပါတော့တယ်။
အောင်မြင်မှုနောက်ကိုပဲ လိုက်နေခဲ့ပြီး ယုံကြည်မှုတွေကို ရိုက်ချိုးခံလိုက်ရတဲ့အခါ၊
လူတွေရဲ့ သစ္စာဖောက်မှုတွေကို သိလိုက်ရပြီးနောက်မှာ သူဘယ်လို ဆက်လုပ်မလဲ?
လက်စားချေမှာလား? Drama နာမည် My Happy Endဆိုတဲ့အတိုင်းပဲ ပျော်ရွှင်စရာကောင်းတဲ့
ဇာတ်သိမ်းဖန်တီးနိုင်မှာလားဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်