-
Movie Name
-
Apprentice (2016)
-
Year
-
2016
-
Generes
-
Action
-
Code
-
00762
-
Type
-
Movie
-
Size
-
805 MB
-
Country
-
Hollywood
-
Description
-
ရုပ်ရှင်နာမည်က Apprentice တဲ့ …Apprentice ဆိုတာခပ်လွယ်လွယ်ဘာသာပြန်ရင် အလုပ်သင် လို့ ဆိုသော်ငြား အတိအကျပြောရရင်ရှုပ်တယ်ဗျ။ ကျွန်တော်ပဲဝေါဟာရဆင်းရဲတာလားတော့ မသိဘူး။ ဥပမာပေးရရင် ကားဝပ်ရှော့က ကောင်လေးတွေကို Apprentice လို့ခေါ်လို့ရမယ်။ ပညာသင်အလုပ်သမားပုံစံ … ဆရာက ပညာသင်ပေးရတဲ့အတွက် လစာတော့ လျှော့ပေးထားတာမျိုးပေါ့ .. ဟီး … A person who is learning a trade from a skilled employer, having agreed to work for a fixed period at low wages ဆိုတဲ့ဖွင့်ဆိုချက်ကပဲ ပိုထိရောက်မယ်ထင်တယ်။Apprentice က စင်္ကာပူ/မလေးရှားရုပ်ရှင်ပါ။ စင်္ကာပူ/မလေးရုပ်ရှင်တွေကိုအထင်မကြီးတဲ့အတွက် တခါမှမကြည့်ဖူးဘူး။ ကိန်းရုပ်ရှင်ပွဲတော်အထိတက်ရောက်အောင်မြင်ခဲ့သလို၊ ဆီလိုအပြစ်ရှာပြောတတ်တဲ့ ဟောလိဝုဒ် ဝေဖန်ရေးသမားတွေကပါ မှတ်ချက်ကောင်းကောင်းတွေပေးထားတာဆိုတော့ ကြည့်ဖြစ်လိုက်တယ်။ ဇာတ်လမ်းက ရှင်းလွန်းတယ်။ စစ်သားတစ်ယောက် တပ်မတော်နဲ့ စာချုပ်ပြည့်ပြီးအပြင်ထွက်လာတဲ့အချိန်မှာ ထောင်ကိုအလုပ်ဝင်လျှောက်တော့ အလုပ်ရတယ်။ အဲဒီထောင်မှာ သေဒဏ်ကျအပြစ်သားတွေကို ကြိုးပေးဖို့အတွက်(အမှန်က ကြိုးစင်မောင်းခလုတ်ဖြုတ်တာ၊ ကြိုးကျစ်တာ) အလုပ်နေရာကို ဘယ်သူမှမလုပ်ချင်လို့ အခက်တွေ့နေချိန်ပေါ့။ သွေးအေးလွန်းတဲ့ အဲဒီစစ်ထွက်ကို ကြိုးမိန့်ပေးတဲ့နေရာမှာ အလုပ်သင် Apprentice အဖြစ်ထားလိုက်တာ။ အဲဒီအကြောင်းလေးကိုပဲရိုက်ပြတာ အရမ်းရမ်းကောင်းတယ်ဗျာ။စကားသိပ်မပြောပဲ ဇာတ်ကောင်စရိုက်တွေတင်ပြတာ အရမ်းကောင်းတယ်။ အစွန်းတွေလွတ်အောင်ချပြနိုင်တယ်။ အထူးတလည်ချီးကျူးချင်တာကတော့ ထောင်ရဲ့လုပ်ငန်းစဉ်တွေကို သေချာလေ့လာပြီးမှ ရိုက်ထားတာကိုပဲ .. ဥပမာ – ကိုယ်အလေးချိန်ဘယ်လောက်ရှိရင် ကြိုးထုံးကို ဘယ်လောက်ထုံးရမယ်၊ ကြိုးအရှည်ဘယ်လောက်ထားရမယ်။ ကြိုးပေးခံရမယ့်သူကို ကြိုးကွင်းစွပ်ပြီးရင် ကြိုးရဲ့အထုံးကို ဘာကြောင့် ဘယ်ဘက်နားရွက်အောက်မှာပဲထားရတယ်စသဖြင့်ပေါ့ဗျာ။ တော်တော်လေးကို ထောင့်စေ့နေအောင်ကြိုးစားထားကြတာ။တင်ဆက်ပုံကလည်းလေးစားစရာပါ။ ဘယါလောက်သတ္တိကောင်းတဲ့သူပဲဖြစ်ဖြစ် ကြိုးပေးမယ့်နေရာထိခပ်တင်းတင်းလျှောက်လာနိုင်တယ်ထားဦး၊ ခေါင်းစွပ်စွပ်ပေးပြီး ကြိုးစင်ပေါ်လည်းတင်ရော သွေးပျက်ကုန်တာတွေကအစ ဒါရိုက်တာဟာ ပညာသားပါပါချပြနိုင်လွန်းတယ်။ဒိုင်ယာလော့တွေနည်းတယ်ဆိုပေမယ့် ပြောလိုက်တဲ့ စကားလုံးတွေကလည်း အရမ်းထိတယ်။ ဆရာက သူ့တပည့်ကို သင်ပေးနေတဲ့စကားကိုပဲကြည့် …My job is to make sure he dies instantly. Make sure there’s no pain. In some countries they use the short drop. It’s pitiful, you know. The guy really suffers. They’ll let him struggle for 30 minutes until he turns blue and soils his pants before he dies. But here, we are humane. We make sure it is quick and painless.အနှစ်ချုပ်ပြောရရင် Apprentice ဆိုတဲ့ရုပ်ရှင်လေးကို တနေရာရာမှာ အမှတ်တမဲ့တွေ့ရင် ကြည့်ဖြစ်အောင်ကြည့်ပါ။ ရသ စာအုပ်တစ်အုပ်ဖတ်လိုက်ရသလိုပဲလို့ လက်တို့ပါရစေ …နိုင်ငံတကာကပေးတဲ့ဆုတွေလည်း တသီကြီးရထားတဲ့ ရုပ်ရှင်ဇာတ်ကားေ