-
Movie Name
-
Geeta Sakshigaa (2023)
-
Year
-
2023
-
Generes
-
Action, Crime
-
Code
-
IND1131
-
Type
-
Movie
-
Size
-
1.09 GB
-
Country
-
Bollywood
-
Description
-
ဒီဇာတ်ကားကတော့ ဒီနေ့ ထွက်ရှိထားတဲ့
မှုခင်းစုံထောက်ကားဖြစ်ပြီး IMDB rating 7.3 အထိရရှိထားပါတယ်။ အာဏာရှိလူတန်းစားတစ်ခုရဲ့ ချောက်ချခြင်းကို ခံလိုက်ရတဲ့ သာမန်ရိုးသားတဲ့ကောင်လေးတစ်ယောက် အမှုကလွယ်အောင်ဘယ်လိုရင်ဆိုင်မလဲဆိုတာကို မှုခင်းကြိုက် ပရိသတ်တိုအတွက် B-Town မှာဘာသာပြန်တင်ဆက်လိုက်ပါတယ်။ အဓိကသရုပ်ဆောင်အနေနဲ့ မင်းသား Aadarsh နဲ့မင်းသမီး Chitra Shukla တိုကပါဝင်သရုပ်ဆောင်ထားပါတယ်။
အာဂျွန်ကတော့ ဟိုက်ဒရာဘတ်က နာမည်ကြီးအရက်ဘားတစ်ခုမှ DJ သမားလုပ်နေပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးနဲ့ အေးအေးချမ်းချမ်းဖြတ်သန်းနေသူပါ။ တစ်နေ့ အမ်မိုလာဆိုတဲ့ ကောင်မလေးနဲ့ ရုတ်တရက်ချစ်ကြိုက်မိပြီး သူ့ဘဝရဲ့ မထင်မှတ်ထားတဲ့ အကြီးမားဆုံး အချိုးအကွေ့တစ်ခုကြုံလိုက်ရပါတယ်။ အာဂျွန်က အပြစ်မရှိတဲ့ မိန်းကလေးတစ်ယောက်ကို မုဒိမ်းကျင့်သတ်ဖြတ်တယ်ဆိုပြီး ရဲတွေက ဖမ်းဆီးထောင်ချလိုက်ပါတယ်။ အာဂျွန်ထောင်ကျပြီး ငါးနှစ်ကြာတော့ အမှုကိုမသင်္ကာတဲ့ လက်ထောက်ကော်မရှင် ရိုပက်ရှ်က အမှုကိုပြန်ဖွင့်ပြီးတော့ အမှုရဲ့ ကွင်းဆက်ကို လိုက်လံဖော်ထုတ်ပါတော့တယ်။ ရိုပက်ရှ်တိုအဖွဲ အာဂျွန်အတွက် တရားမျှတမှုကို ပြန်ယူပေးနိုင်ပါ့မလား။ အာဂျွန် ချောက်ချခံရတဲ့ နောက်ကွယ်က အုပ်စုကိုရောဖော်ထုတ်နိုင်ပါ့မလားဆိုတာကတော့....