-
Movie Name
-
Naadu (2023)
-
Year
-
2023
-
Generes
-
Drama
-
Code
-
IND1132
-
Type
-
Movie
-
Size
-
1.31 GB
-
Country
-
Bollywood
-
Description
-
Naadu 2023 တောင်ပေါ်ရွာရောက်အရှုပ်တော်ပုံ
IMDb-8.8
ဆရာဝန်ဇာတ်လမ်းတွေထဲမှာ ကျွန်တော်တို့ရင်ထဲနေရာယူခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုချပြပါဆိုရင် ကြိုးကြာတောင်ပံခတ်သံပေါ့။
ဒီဇာတ်လမ်းအဆွယ်ကောင်းလို့ ဆရာဝန်ပေါက်စဖြစ်ချင်တဲ့သူတွေလည်း မနည်းမနောရှိခဲ့တာပေါ့လေ။
အခုတင်ဆက်ပေးမှာကတော့ နာဂတောင်တန်းမဟုတ်တဲ့ ကိုလီတောင်တန်းက အစစအရာရာ ခေတ်နောက်ကျနေတဲ့
တမီလ်ရွာလေးမှာ တောင်ပံခတ်မယ့် ကြိုးကြာမလေးအကြောင်းပေါ့။ ကိုလီတောင်တန်းပေါ်က တောင်ပေါ်ရွာလေးဟာ
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အစွန်အဖျားကရွာလေးဆိုတော့ အစစအရာရာမှာ ခေတ်နောက်ကျနေတာပေါ့။
တီဗီလိုင်းမရှိ ကားမရှိတဲ့ဒီရွာလေးမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းရနေတာကပဲအတော်လေး ကျေးဇူးတင်စရာကောင်းနေတယ်ပဲ ပြောရမလိုပါ။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့အတွက် ဘာမှမရောက်ဘဲ သီးခြားကွဲထွက်နေတဲ့ ရွာလေးမှာ ဘတ်စ်ကားတောင်မှ မနက်တစ်ခါ ညနေတစ်ခါပဲရောက်ပါသတဲ့။
ဆေးရုံကားဆိုတာကလည်း အရေးပေါ်ကိစ္စနဲ့ခေါ်လိုက်ရင် လူနာသေမှ အလောင်းလာသယ်သလိုလိုအဖြစ်တွေလည်း ဒုနဲ့ဒေးပါပဲ။
ဒီလိုနဲ့ ရွာမှာကောင်မလေးတစ်ယောက် လက်ကောက်ဝတ်လှီးပြီး အဆုံးစီရင်တာကို ဆေးရုံကားခေါပြီး
ဆေးရုံပို့ဖို့လုပ်ပေမဲ့ ကားကညမှရောက်ပြီး နောက်ကျလို့ လူနာအသက်မမီလိုက်တဲ့အပြင် ဆရာဝန်က
မြည်တွန်တောက်တီးတာခံလိုက်ရချိန်မှာတော့ အတော်လေးရင်ခံသွားကြတဲ့ရွာသားတွေ
အလောင်းလာပြန်ပို့တဲ့ဘတ်စ်ကားရှေ့မှာ ပိတ်ရပ်ပြီး ဆန္ဒပြကြပါတော့တယ်။
သူတို့ရဲ့တောင်းဆိုချက်ကတော့ အစစအရာရာနိမ့်ကျနေသည့်တိုင်အောင် သူတို့လည်း ဆေးဘက်ဆိုင်ရာအထောက်အပံ့ရခွင့်ရှိတာကြောင့်
ရွာဆေးရုံမှာ ဆရာဝန်တစ်ယောက်ခန့်ထားပေးဖို့ပါပဲ။ ကြိုးကြာတောင်ပံခတ်သံကသာ ဖတ်လို့ကောင်းတာ ကိုယ်တကယ်ကြုံရမယ်ဆိုတော့ transferလျှောက်ပြီး
အကုန်ပြန်ပြေးကြတာမလို့ ခရိုင်မှူးလည်း အကျပ်ရိုက်နေတာပေမဲ့ ရွာသားတွေကိုငဲ့တဲ့အနေနဲ့ အာဏာသုံးပြီး ဆရာဝန်တစ်ယောက် မရမကလွှတ်ပေးဖို့စီစဉ်ပေးလိုက်ပါတော့တယ်။
ဒါပေမဲ့ ဒီဆရာဝန်ကို ဒီရွာမှာ ဆက်နေအောင်လုပ်နိုင်ဖို့ကိုတော့ ရွာသားတွေက တာဝန်ယူရမှာပါ။ ကဲ ဒီတော့ အာဏာကြောက်လို့ ရွာကိုလွင့်လာတဲ့
ဆရာဝန်ပေါက်စကြိုးကြာမလေးရယ် လိုအပ်ချက်တွေများနေတဲ့ဒီရွာလေးရယ် ဆရာမလေးကို ပြန်မပြေးအောင်
အမိအရဆွဲထားရမယ့်ရွာသားတွေရယ် ဘယ်လိုစခန်းသွားကြမလဲဆိုတာ ရှုစားကြပါဦး။
ဒီကားလေးဟာ ယနေ့ခေတ်ထိအောင် ပညာရေး ကျန်းမာရေး အသိပညာပိုင်းမှာ နှောင့်နှေးနောက်ကျနေတဲ့
တောင်ပေါ်ရွာတွေရဲ့တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်တာကြောင့်
ခြေနေသိပ်မကွာခြားလှတဲ့ဒီနိုင်ငံက တချို့နေရာတွေအတွက်ပါ တွေးစရာတစ်ခုရလာစေမှာပါ။