Movie Name
Naked Weapon (2002)
Year
2002
Generes
Action, Adults, Crime, Drama
Code
CN0873
Type
Movie
Size
1.40 GB
Country
China
Description
ကမ္ဘာတစ်ဝှမ်းလုံးမှာ ၁၃ နှစ် အရွယ် မိန်းကလေးတွေ ပျောက်နေကြတယ်။ ဒါနဲ့ ပတ်သတ်ပြီး CIA က Jack Chen နဲ့ သူ့အဖွဲ့ဟာ လိုက်လံစုံစမ်းနေခဲ့တာကြာပြီ။ သူတို့ရဲ့ တစ်ခုတည်းသော သဲလွန်စက မဒမ် M ဆိုတဲ့ အမျိုးသမီး နဲ့ သူဦးဆောင်တဲ့ အဖွဲ့အစည်းပဲ။ မဒမ် M ဟာ ကမ္ဘာ တစ်ဝှမ်းမှာရှိတဲ့ ၁၃ နှစ် အရွယ် မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲတယ်။ လူသူမနီးတဲ့ ကျွန်းဆီ ခေါ်သွားပြီး အဲဒီ မိန်းကလေးတွေကို စစ်ရေးလေ့ကျင့် သင်ကြားပေးတယ်။ မဒမ် M ပြန်ပေးဆွဲတဲ့ မိန်းကလေးတွေအားလုံးဟာ အားကစား ဒါမှမဟုတ် ကိုယ်ခံပညာ တစ်ခုခုမှာ အများနဲ့ မတူအောင် ထူးချွန်တဲ့ သူတွေ ဖြစ်တယ်။ အဲဒီထဲမှာ Charlene ဆိုတဲ့ ကလေးမလေးလည်း ပါတယ်။ CIA က Jack Chen က လည်း ပျောက်သွားတဲ့ ကလေးတွေနဲ့ Charlene တို့ အကြောင်းကို လိုက်စုံစမ်းနေခဲ့တာ ၈ နှစ်ကြာတဲ့အထိ ဘာသဲလွန်စမှ မရခဲ့ဘူး။ ၈ နှစ်ကျော်ကြာပျောက်ဆုံးနေတဲ့ ကလေးမတွေဟာ မဒမ် M ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လေ့ကျင့်ရေးစခန်းကနေ လှပချောမောပြီးရက်စက်စွာဇီဝိန်ချွေတတ်တဲ့ မိန်းမလှလေးအဖြစ် ထွက်ပေါ်လာတဲ့အမှာတော့… မဒမ် M တစ်ယောက် သူပျိုးထောင်ထားတဲ့ မိန်းမငယ် လူသတ်သမားလေးတွေနဲ့ ဘယ်လို ပြစ်မှုတွေကို ကျူးလွန်မှာလဲ Charlene တစ်ယောက်ကရော မဒမ် M အားကိုးရတဲ့ အတော်ဆုံး လူသတ်သမား ဖြစ်လာမှာလား သူ့ကို လိုက်စုံစမ်းနေတဲ့ Jack Chen နဲ့ ရော ဘယ်လိုတွေ ရေစက်ဆုံဖြစ်ကြမှာလဲ မဒမ် M တို့ အဖွဲ့အစည်းကြီးကရော နောက်ဆုံးမှာ ဘာဖြစ်သွားမှာလဲဆိုတာ……။ ဒီကားမှာ Charlee Ching အဖြစ် Nikita မင်းသမီး Maggie Q အဓိကပါဝင်ထားပြီး မင်းသား Daniel Wu နဲ့အခြားသရုပ်ဆောင်များစွာအားဖြည့်ထားပါတယ်။ 2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပေမယ့် အမျိုးသမီးဖိုက်တာဇာတ်ကြမ်းတွေထဲမှာတော့ အခုချိန်ထိဗိုလ်စွဲနေသေးတဲ့ အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။