Movie Name
Live (2023)
Year
2023
Generes
Drama
Code
OT0159
Type
Movie
Size
853 MB
Country
Others
Description
ဆိုရှယ်မီဒီယာပေါ်မှာ ရူးသွပ်နေကြ၊ Viewers တက်ဖို့အတွက်နဲ့ ကြက်ပေါင်ဖိနပ်ကိုတောင် အချဉ်ရည်နဲ့ တို့စားပြနေတဲ့ ဒီခေတ်ကြီးမှာ အဲဒီလိုဖြစ်ရပ်တွေကိုမီးမောင်းထိုးပြထားတဲ့ ဗီယက်နမ်ရုပ်ရှင်တစ်ခု တင်ဆက်ပေးချင်ပါတယ်။ Muck Live ဆိုတဲ့ အစီအစဉ်က ဖော်လိုဝါ နည်းနည်းပါးပါးရှိတဲ့ ဆယ်လီယောင်ယောင်တွေ Live လွှင့်ပြီး အစားအသောက်တွေ နင်းကန်စားပြတဲ့ အစီအစဉ်ပေါ့။ အဲဒီအစီအစဉ်ထဲက ဆယ်လီတွေဟာ လူမျိုးစုံ၊ စရိုက်မျိုးစုံဖြစ်ကြပေမဲ့အားလုံးတူညီတာတစ်ခုကတော့ ပိုက်ဆံရဖို့အတွက် ဘာမဆို လုပ်ပြချင်စိတ်ရှိနေကြတာပါ။ ဒီရုပ်ရှင်ကိုကြည့်နေရင်း အကုသိုလ် ခုနစ်ပါးထဲက အစားကြူးခြင်းဆိုတဲ့ အကုသိုလ်ကို မြင်အောင်ပြထားတာလားလို့ အတွေးဝင်စေနိုင်တဲ့ထိ လူတွေရဲ့ သောက်တလွဲ စွဲလမ်းမှုတွေနဲ့ အဲဒီစွဲလမ်းမှုတွေကနေ အမြတ်ထုတ်နေတဲ့သူတွေအကြောင်းကို ဒီရုပ်ရှင်က ပုံဖော်ပြထားပါတယ်…။