Movie Name
Tears Of The Sun (2003)
Year
2003
Generes
Action, Drama, Thriller
Code
EN3948
Type
Movie
Size
949 MB
Country
Hollywood
Description
Tears of the Sun ဆိုတဲ့ စစ်ကားဟာ ကျွန်တော်တို့ ကလေး ဘဝကထဲက ထွက်ရှိပြီး ဘာသာစကားနားမလည် စာတန်းမထိုးဘဲနဲ့ ကြည့်ခဲ့ရတာပါ….. သို့ပေမယ့် Bruce Willis ခေါင်းဆောင်တဲ့ Navy SEAL အဖွဲ့ဟာ အန္တရယ်များလွန်းလှတဲ့ ပြည်တွင်းစစ်ကြားမှာ ကယ်ဆယ်ရေး သွားလုပ်ရတဲ့ အထူးစစ်ဆင်ရေးတစ်ခုဆိုတာကို ကျွန်တော်တို့ သိခဲ့ကြတယ်…. ဒီ Navy SEAL အဖွဲ့နဲ့ စစ်ဆင်ရေးအတူရောက်သွားသလို ခံစားရသလို ဗီဒီယိုရုံတစ်ခုလုံးလည်း အပ်ကျသံမကြားရလောက် တိတ်ဆိတ်စွာ ရင်ထိတ်စိတ်လှုပ်ရှားနေကြအောင် ဒီဇာတ်ကား ဆွဲဆောင်မှုရှိခဲ့တယ်.. % buffered 00:00 -00:34 Download Your browser does not support the video tag. နိုင်ဂျီရီးယားရဲ့ ပြည်တွင်းစစ်က တကယ့်ကိုသွေးပျက်ဖွယ်ရာပဲ.. လက်နက်ကိုင်မျိုးစုံ ထကြွသောင်းကျန်းကြသလို လူမျိုးစု ၂၅၀ ရှိလေတော့ ထိန်းကွပ်မယ့် အစိုးရကြီးမရှိမှုကို အခွင့်ကောင်းယူပြီးသတ်ချင်သတ် လုပ်ချင်သလိုလုပ်နေကြတယ်… Bruce Willis တို့ရဲ့ အဓိကတာဝန်က အမေရိကန်လူမျိုး ကယ်ဆယ်ရေးဆရာဝန်လုပ်နေတဲ့ ဒေါက်တာကန်ဒရစ်ကို ကယ်ထုတ်ဖို့ပါပဲ… သူတို့သွားကယ်မယ့် နေရာမှာ ရန်သူ ၅၀၀၀ခန့် ခြေရာချင်းထပ်အောင် လှုပ်ရှားနေကြသလို ပြည်သူ့စစ်ဆိုတဲ့သူတွေကလည်း ဒုက္ခသည်ပါမချန် အကုန်သတ်နေတာဆိုတော့ ဒါ့ထက်တော့ အန္တရယ်များတာမရှိတော့ပေ… သူတို့အောင်မြင်မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး… ဒီကားက ကြည့်ပြီးသားဆိုပေမယ့် လည်းပြန်ကြည့်ရင် တကယ်ကိုအရသာတစ်မျိုးခံစားရပါတယ်..ဒီဘက်ခေတ်စစ်ကားတွေကို ကောင်းကောင်းယှဉ်နိုင်သလို ရသအပြည့်အဝခံစားလို့ရအောင် Blu-Ray1080p5.1CHပါတင်ဆက်ပေးထားပါတယ်…