-
Movie Name
-
Approaching The Unknown (2016)
-
Year
-
2016
-
Generes
-
Drama, Sci-Fi
-
Code
-
00763
-
Type
-
Movie
-
Size
-
646 MB
-
Country
-
Hollywood
-
Description
-
ဒီရုပ်ရှင်ကားက စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းနဲ့ဒရမ် မာအမျိုးအသားထဲမှာပါပါတယ်။ အာကာသထဲမှာနေထိုင်ရတယ့် လူတစ်ဦးရဲ့ ရည်မှန်းချက်တွေ ၊ အထီးကျန်မှုတွေ ၊ စိတ်ပင်ပန်းမှုတွေအကြောင်းကို အဓီကရိုက်ကူးတင်ဆက်ထား ပါတယ်။ IMDbRating ၄.၈ ၊ Rotten Tomatoes ၄၅% ၊ Metacritic ၅၃ နဲ့ Rpger Ebert ၄ မှာ ၂.၅ ရရှိထာပါတယ်။ ဒီရုပ်ရှင်က ဝေဖန်ရေးလောကမှာ ဝေဖန်မှုကောင်းတာရော မကောင်းတာရော ရရှိခဲ့ပြီး ဒွိဟဖြစ်စေခဲ့ပါတယ်။ အဓီကသရုပ်ဆောင်ထားတယ့် မင်းသားကြီး မက်ခ်စတောင်း ရဲ့သရုပ်ဆောင်မှုတွေ ကိုတော့ ချီးကျူးခဲ့ကြပါတယ်။ The New York Times ဒီရုပ်ရှင်ကတစ်ကားလုံးကြည့်လို့မကောင်းရင်တောင် မင်းသားကြီး စတောင်းရဲ့လူသားတွေရဲ့အင်ဂျင်နီယာ ပေါ်မှာ ယုံကြည်အသက်ရှင်နိုင်ဖို့ကြိုး စားနေတယ်လူတစ်ယောက်အဖြစ် သရုပ်ဆောင် ထားတယ့် အပိုင်းကတော့ အရမ်းကောင်းပါတယ်လို့ မှတ်ချက်ပေးထားတယ်။ ၂၀၁၆ခုနှစ် ဇွန်လပိုင်းကထွက်ရှိထားပြီး တစ်ကားလုံး မိနစ် ၉၀ ကြာပါတယ်။ဒီဇာတ်လမ်းပုံစံ က လူတစ်ယောက်က သူ့အကြာင်း တွေကို ပြန်ပြောပြနေတယ် ပုံစံရိုက်ကွက်အတော် များများနဲ့ရိုက်ကူးထားပါတယ်။ ဒရမ်မာ ဆိုတယ့် အတိုင်းဇာတ်ကားက အေးပါတယ်။ဒါပေမယ့် စဉ်းစားစရာတွေ တစ်ခုပြီးတစ်ခုတော့ပေးခဲ့ပါတယ်။ ကမ္ဘာမြေကထွက်ခွာပြီး တစ်ခြားဂြိုလ်ပေါ်မှာ ရှင်သန်ရပ်တည်ဖို့ကြိုးစားလာကြတယ့် လူသားမျိုး နွယ်တွေရဲ့အင်ဂျင်နီယာပညာရပ်မှာစိတ်ခေါ်မှုတွေ တွေကြုံလာရပုံကို တွေ့မြင်ရမှာပါ။ အကြောင်းပြချက် အမျိုးမျိုးတွေနဲ့တစ်ခြားဂြိုလ်တစ်ခုကိုစူးစမ်းရှာ ဖွေရာမှာ တွေကြုံရမယ့် စိန်ခေါ်မှုတွေ ၊ အာကာသယာဉ်မှုတွေရဲ့အခက်ခဲတွေ ကိုတွေ့မြင်ပါတယ်။ လူအများထင်နေကြတယ်အာကာသ ယာဉ်းမှုးတွေက ကံအကောင်းဆုံး လူတွေဆိုတယ့် ယုံကြည့်နေတယ့်အချက် အပေါ်မှာ စဉ်းစားစရာပေးလိုက်ပါတယ်။ လေးဖက်လေးလံ ကြည့်လိုက်တယ့် နေရာ တိုင်း မှောင်းမည်းနေတယ့် ဟင်းလင်းပြင်ကြီးနဲ့နံရံလေးဖက်ကြားမှာ နေ့တစ်ဒူ၀ ထပ်ခါတစ်လဲလဲ တူညီတယ့် ပုံစံတစ်ုခတည်းကိုသား လုပ်ကိုင်နေရတယ့် အာကာယာဉ်မှုတွေ ရဲ့နေစဉ်ဘဝကိုအသားပေးဖော်ပြထားပါတယ်။အစွန်းရောက်တယ့် စိတ်ကတစ်ခါတစ်လေမှာ ကောင်းပေမယ့် အမြဲတမ်းမကောင်းနိုင်ပါဘူး။ဒီဇာတ် ကားထဲမှာ မိမိလုပ်နိုင်တယ့်ဆိုတယ့် ယုံကြည့်ချက် လွန်ခဲ့ပြီး အခက်ခဲနဲ ရင်ဆိုင်ပုံတွေ ၊ ဘယ်လောက် ဘဲခက်ခဲခက်ခဲ ယုံကြည့်ရာတစ်ခုအတွက် အဆုံးထိလုပ်ဆောင်သွားတယ့် အာကာသယာဉ်မှုး စတန်းဖိုစ့် ရဲ့စိတ်ဓာတ်ကိုတွေ့ရမှာပါ။ အထီးကျန်မှု ကြောက်စရာကောင်းတယ့် ပုံစံ ၊ ကမ္ဘာပေါ်မှာ ရေကို အလွယ်တကူ ရနေပေမယ့် လဲ အာကာသမှာ ရေရ ဖို့ဘယ်လောက်ခက်ခဲပြီး တစ်နေ့ကိုရေအနည်း သောက်ပြီး အသက်ရှင်ဖို့ရှုန်းကန်နေရတယ့် ကပ္ပတိန်တွေ ရဲ့ဘ၀ နဲ့နောက်ဆုံး ယုံကြည့်ရာကိုလက်မလျော့ဘဲ အဆုံးအထိလုပ်ဆောင်သွားပြီး သူရဲ့မစ်ရှင်ဖြစ်တယ့် အဂါၤဂြိုလ်ကိုရောက်အောင်သွားနိုင်ဖို့ကိုအကောင်အထည်ဖော်နိုင်မလား ၊ လမ်းခရီးမှာဘဲ ရေပြတ်လတ်မှုကြောင့် သေသွားမလားဆိုတာ ဒီဇာတ်ကားထဲမှာမြင်ရမှာဖြစ်ပါတယ်။ အက်ရှင်တို့စွန့်စားခန်းဘဲကြည့်တယ့် သူတွေနဲ့တော့ ဒီကားက အန်မဝင်နိုင်ပါဘူး။ ဇာတ်ကား ကောင်းတယ်မကောင်းဘူးဆိုတာ ကြည့်ရှုတယ့်သူ ပေါ်မှာမှုတည်မယ်ထင်ပါတယ်။