-
Movie Name
-
Crakk (2024)
-
Year
-
2024
-
Generes
-
Action
-
Code
-
IND1139
-
Type
-
Movie
-
Size
-
2.38 GB
-
Country
-
Bollywood
-
Description
-
ကွန်မန်ဒိုမင်းသား ဗီရွဒ်နဲ့ အကဘုရင်မနိုရာ
ပါဝင်သရုပ်ဆောင်ထားတဲ့ Crakk ရုပ်ရှင်
ပြီးခဲ့တဲ့အပတ်က ရုံတင်ခဲ့ပြီး ရုံကူးဗားရှင်း
အကြည်ကို ဗီရွဒ်ဖန်တွေ တောင်းဆိုလို
B-Town က ဘာသာပြန် တင်ဆက်လိုက်ပါတယ်။
နေဟာလ် (အာဂျွန်) နဲ့ စစ်ဒူ (ဗီရွဒ်)တိုက
ညီအကိုတွေဖြစ်ပြီး ဆင်းရဲကြပေမဲ့လည်း
Stunt နဲ့ ကစားနည်းအသစ်အဆန်းတွေကို
ဆော့ရတာ ဝါသနာပါလို ရှာကြံ ကြိုးစားပြီး
ကစားရာက တစ်နေ့ နေဟာလ်က မယ်ဒန်လို
ခေါ်တဲ့ ကစားပွဲကြီး ဝင်ပြိင်ခွင့်ရသွားပါတယ်။
မယ်ဒန်ဆိုတာက တစ်ကမ္ဘာလုံးမှာရှိတဲ့ စတန့်
သမားတွေ ပြိုင်ပွဲအဆင့် ၃ဆင့်နဲ့ ယှဥ်ပြိုင်ပြီး
ပြိုင်ပွဲ ၃ပွဲလုံးနိုင်တဲ့သူက သိန်း ၄၀၀၀၀ ရရှိမှာ
ဖြစ်ပါတယ်။ ဆုကြေးမြင့်သလောက် ကစားပွဲ
တွေကလည်း အရမ်းကြမ်းပြီး ဒီပြိုင်ပွဲမျိုးကို
ဝင်ဂျွိင်းရင်း ရက်ရက်စက်စက် သေသွားသူတွေ
အများကြီးပါ။ ဒါပေမဲ့ နေဟာလ်က စတန့်မှာ
အရမ်းတော်တာကြောင့် နောက်ဆုံးပြိုင်ပွဲထိ
ရောက်လာပြီးမှ လုပ်ကြံခံရပြီး သေသွားပါတယ်။
စစ်ဒူက အကို နေဟာလ်ကိုအရမ်းချစ်တာကြောင့်
မယ်ဒန်ပြိုင်ပွဲမှာ အရွေးခံရအောင်လုပ်ပြီး သူ့အကို
နေဟာလ်ကို ဘယ်သူသတ်ခဲ့လဲဆိုတာ သိအောင်
လုပ်ဖိုသွားရင်း ပြိုင်ပွဲတွေကို ရုပ်သံ live လွှင့်
တင်ဆက်တဲ့ အာလီယာ (နိုရာ) နဲ့ ဆုံပြီးတော့
ချစ်ကြိုက်သွားခဲ့ပါတယ်။ တဖက်မှာ စစ်ဒူက
သူ့အကိုအတွက် စုံစမ်းရင်း ကစားပွဲကိုလည်း
အာရုံစိုက်နေရချိန် အာလီယားက သူလုပ်သမျှ
အထက်ကို သတင်းပိုပြီး သစ္စာဖောက်နေခဲ့ပြီး
ရဲတွေကလည်း ဒီပြိုင်ပွဲနောက်ကွယ်က ဉပဒေ
ချိူးဖောက်မူတွေသိရအောင် စစ်ဒူကို အတင်း
ခြောက်လန့်ပြီး စပိုင်လုပ်ခိုင်းလာချိန်မှာတော့...