-
Movie Name
-
The Wings Of The Dove (1997)
-
Year
-
1997
-
Generes
-
Drama, Romance
-
Code
-
EN3958
-
Type
-
Movie
-
Size
-
843 MB
-
Country
-
Hollywood
-
Description
-
~ IMDb – 7.6/10, Rotten Tomatoes – 100% ~
မီလီ – “ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့”
မာတွန် – “ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ”
မီလီ – “ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်”
“ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ
တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။” မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။
ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ အကြောင်းပါပြီး ကိတ်လေးကို မွေးခဲ့ကာ ဆင်းရဲရာဘဝမှာ သက်ဆိုးမရှည်နိုင်ခဲ့ရှာပါဘူး။
ဒီလိုနဲ့ ကိတ်လေး အရွယ်ရောက်လာချိန်မှာတော့ သူ့အမေ စွန့်လွှတ်ခဲ့တဲ့ လူကုံထံဘဝကို ပြန်သွားဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ အဒေါ်ဖြစ်သူက ကိတ်လေးကို “အားလုံးကို အဆက်ဖြတ်ပစ်ရမယ်” ဆိုတဲ့ ကတိတစ်ခုနဲ့အတူ မိသားစုထဲ ပြန်ခေါ်ပြီး ရှိသင့်တဲ့စည်းစိမ်ဥစ္စာနတွေကို အမွေပြန်ဆက်ခံစေဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ အဆက်ဖြတ်ပစ်ရမယ့်အရာထဲမှာ ဘိန်းစားဖခင်ကြီး ပါသလို အသပြာမဲ့ စာနယ်ဇင်းသမား ချစ်သူလည်းပါနေပါတယ်။
ကျောမွဲ သတင်းသမားတစ်ယောက်ဟာ ဆွေကြီးမျိုးကြီးက မိန်းမငယ်တစ်ယောက်အတွက် ခင်ပွန်းလောင်း ဖြစ်မလာနိုင်ပါဘူး။ ကိတ်ဟာ သူ့အမေလိုပဲ အရာအားလုံး စွန့်လွှတ်ပြီး ချစ်သူဆီ ပြန်သွားရင်သွား၊ မဟုတ်ရင် သူ့ချစ်သူဟာ သူနဲ့အခြေတူအောင် ချမ်းသာလာဖို့ လိုလာတာပါပဲ။ ဒီလိုအကြပ်ရိုက်နေတုန်းမှာပဲ ကိတ်ဟာ မီလီလို့ခေါ်တဲ့ ရောဂါသည် သူကြွယ်မလေးနဲ့ ခင်မင်ခွင့်ရလိုက်ပါတော့တယ်။
မီလီဟာတော့ သူ့ကျန်းမာရေးကလွဲလို့ သူ့ဘဝသူ သေချာပိုင်သူမို့ ချစ်ရသူဟာ အဆင့်မတူလည်း မေတ္တာသာကြည်ဖြူရင် တူ၂ကိုယ်ပေါင်းဖို့ ဝန်မလေးဘူးဆိုတဲ့ အချစ်ကို ရဲရဲဝံ့ဝံ့ရှေ့တန်းတင်တဲ့မိန်းကလေးမျိုးပါ။ လူလည်းလှသလောက် ဦးနှောက်လည်းကြီးတဲ့ ကိတ်ဟာ မီလီ့ရဲ့ချစ်ခြင်းကို အခွင့်ကောင်းယူပြီး သူ့ချစ်သူနဲ့ သူနဲ့ပေါင်းနိုင်ဖို့ ဇာတ်ကွက်တစ်ခုကို စပြီးခင်းပါတော့တယ်။
အော်စကာတို့ ရွှေကမ္ဘာလုံးဆုတို့အတွက် ဆန်ကာတင်ဝင်ခဲ့ဖူးတဲ့ တစ်ခေတ်တစ်ခါက ကားကောင်းတစ်ကားပါ။ နာမည်ကျော် စာရေးဆရာကြီး Henry James ရဲ့ ဝတ္ထုကို ပြန်ရိုက်ထားတာပဲ ဖြစ်ပါတယ်။
ကြေးငွေဓနကလွဲလို့ အားလုံးပြည့်စုံနေတဲ့ စုံတွဲနဲ့မေတ္တာကလွဲလို့ အားလုံးကို ဆက်ခံရရှိထားတဲ့ သူကြွယ်မလေးပေါ့… ကိတ်ကတော့ ပြောပါတယ်…
“သူ ပြုံးလိုက်တိုင်းမှာ ကျွန်မက ရှင့်ကို ပိုချစ်မှန်းသာ သတိရပါ” တဲ့။