Movie Name
Vadakkupatti Ramasamy (2024)
Year
2024
Generes
Comedy, Drama
Code
IND1143
Type
Movie
Size
1.11 GB
Country
Bollywood
Description
ဗာဒါကူပါတီဂေါကပလေး ဒီတစ်ခါ ဘောလီးဝုဒ်ပရိသတ်ကြီးကို တောင်ပိုင်းဟာသကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ.. ဟာသကားဆိုပေမဲ့ ဇာတ်အိမ်တည်ထားတာက ဘာသာရေးကိစ္စဖြစ်လို့ ပညာပေးဟာသကားလို့ပြောရင်လဲ မမှားပါဘူးဗျာ ရွာတစ်ရွာမှာ ရာမာဆာမီဆိုတဲ့ ဘုရားမယုံတဲ့ကောင်လေးတစ်ယောက်ရှိပါတယ် သူတို့ရွာမှာကိုးကွယ်တဲ့ သာနာကာနတ်သမီးရဲ့ကျောင်းဆောင်ဟာ ရေကြီးလို့ ပျက်စီးသွားပါတယ်တဲ့ … အဲ့အချိန်မှာ ရာမာဆာမီက ပိုက်ဆံရဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဘာသာရေးကိုခုတုံးလုပ်ရမယ်လို့ ဆုံးဖြတ်လိုက်ပြီး နတ်သမီးကပဲ သူ့ဆီကိုကြွလာတဲ့ပုံနဲ့ သူ့ခြံထဲမှာ ဘုရားကျောင်းဆောက်ပြီး ဂွင်ဖန်နေပါတော့တယ်…. တစ်နေ့မှာတော့ သူတို့ရွာကို အရာရှိအသစ်ရောက်လာတဲ့အခါမှာ ဒီလိုဘာသာရေးအကြောင်းပြဂွင်ဖန်နေတာကို ဘယ်လိုဆက်လုပ်မလဲ ဂေါပကလေးရာမာဆာမီတစ်ယောက် ရွာသားတွေကို ဘယ်လိုဂျင်းထည့်မလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရီရီမောမောနဲ့ ဆက်အားပေးရမှာပါ…. ဇာတ်လမ်းလေးလဲပညာရ ဟာသကားလေးဆိုဝော့ာ စိတ်ပန်းလဲပြေစေလို့ ပရိသတ်တို့ကြည့်ရှုနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ ဖြစ်ပါတယ်