Movie Name
Doctor Slump (2024)
Year
2024
Generes
Comedy, Drama, Romance
Code
SKR0964
Type
Series
Size
5.78 GB
Country
Korea
Description
1-16 complete Doctor Slump (2024) ********************* The Heirs ထွက်ပြီး ၁၀ နှစ်အကြာမှာ main lead တွေအဖြစ် အတူ ပြန်လည် လက်တွဲသရုပ်ဆောင်ဖို့ဖြစ်လာတဲ့ Park Shin Hye နဲ့ Park Hyung Sik တို့ရဲ့ ဒရမ်မာအသစ်လေး ထွက်ရှိလာပါပြီ။ Yeo Jeong-woo (Park Hyung-sik) ဟာဆိုရင် ဘယ်တော့မှ ပထမနေရာကို လက်လွတ်ဖူးခြင်း မရှိသူပါ။ တစ်နေ့ Jeong-woo ရဲ့ အခန်းထဲကို Nam Ha-neul (Park Shin-hye) ဆိုတဲ့ ကျောင်းသူလေး ကျောင်းပြောင်းလာပါတယ်။ Ha-neul ဟာဆိုရင်လည်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုရလဒ်ရရှိဖို့အတွက် ၁၂၀ ရာခိုင်နှုန်း အားထုတ်တတ်တဲ့ စာကြမ်းပိုးမလေးပါ။ တစ်ကျောင်းတည်းမှာ အဆင့်တစ်နှစ်ယောက်ရှိလို့ မရတဲ့အတွက် သူတို့နှစ်ယောက်က အချင်းချင်း မုန်းတီးပြီး အကြိတ်အနယ် ပြိုင်ဆိုင်တဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာပေါ့။ အဲဒီလိုနဲ့ အထက်တန်းကျောင်းပြီးနောက် ကွဲကွာသွားပြီး ၁၄ နှစ်အကြာမှာ Jeong-woo နဲ့ Ha-neul တို့ ပြန်လည်ဆုံတွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ ကိုယ်စီအကြောင်းတရားတွေကြောင့် ဆရာဝန်အလုပ်ကနေ ထွက်လိုက်ရပြီး ဘဝရဲ့ အဆိုးဆုံးအခြေအနေကို ရောက်နေတဲ့သူတို့နှစ်ယောက်…. အပြန်အလှန် နှစ်သိမ့်ပေးရင်း ရန်သူတွေအဖြစ်ကနေ ချစ်သူ‌တွေအဖြစ် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ‌ကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း ပြသသွားမှာဖြစ်ပြီး စုစုပေါင်း ၁၆ ပိုင်း ပါဝင်မှာဖြစ်ပါတယ်။ ဆမ်းဒါရီပြီး‌တဲ့နောက် ဟာတာတာဖြစ်ကျန်နေခဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမဲ့ Rom-Com ဇာတ်ကားကောင်းလေး ဖြစ်လာဦးမှာအမှန်ပါပဲ။