-
Movie Name
-
Weak Layers (2023)
-
Year
-
2023
-
Generes
-
Comedy
-
Code
-
EN3960
-
Type
-
Movie
-
Size
-
701 MB
-
Country
-
Hollywood
-
Description
-
ခေါင်းဆောင်မင်းသမီး Katie Burrell ကိုယ်တိုင်
ရေးသားရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားတစ်ကား
ဖြစ်ပါတယ်။ Katie Burrell အပြင် Jadyn Wong ၊
Evan Jonigkeit နဲ့ Neal Bledose တို့လည်း ပါဝင်
သရုပ်ဆောင်ထားပါတယ်။ နှင်းလျှောစီးအပန်းဖြေစခန်းရှိရာ
မြို့တွေကို ခရီးသွားတွေနဲ့ကြေးစားနှင်းလျှောစီးအားကစား
သမားတွေရောက်ရှိလာချိန်မှာ ဒေသခံတွေအတွက်ပေးတဲ့
မေတ္တာစာတစ်စောင်လို လွမ်းမောဖွယ်ရာခံစားချက်မျိုးရရှိ
စေတဲ့အတွက် အော်ဟစ်ရယ်မောနေရတဲ့ဟာသ ဇာတ်ကား
မျိုးတော့မဟုတ်ပါဘူး။
ဇာတ်လမ်းအကျဉ်း
***************
ပါတီကိုခုံမင်လွန်းတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ဟာ
ငှားနေတဲ့အိမ်ကနေနှင်ထုတ်ခံလိုက်ရပြီးတဲ့နောက် နှင်းလျှောစီး
ရုပ်ရှင်ပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။
ပြိုင်ပွဲကရရှိတဲ့ဆုကြေးငွေနဲ့အိမ်ငှားရမှာဖြစ်ပေမယ့် နာမည်ကျော်
ရုပ်ရှင်ရိုက်ကူးသူတွေ၊ ကြေးစားနှင်းလျှောစီးသမားတွေနဲ့
ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အမျိုးသားတွေကြီးစိုးထားတဲ့
နှင်းလျှောစီးအားကစားလောကကိုနောက်ခံထားပြီး တောင်ပေါ်
မြို့လေးမှာ သူငယ်ချင်းသုံးယောက်ရဲ့ဗရုတ်သုတ်ခဟာသတွေကို
ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။