Movie Name
Two Of Us (2023)
Year
2023
Generes
Crime, Drama
Code
EN3961
Type
Movie
Size
566 MB
Country
Hollywood
Description
အစ်ဇဘယ်ဟာ တကိုယ်ရည်မိခင်တစ်ယောက်ဖြစ်ပြီးမွေးရပ်မြေမှာ သူ့မိခင် အစ်မဖြစ်သူတို့နဲ့ကျန်ခဲ့တဲ့ သားဖြစ်သူရဲ့အနာဂတ်အတွက်ဟောင်ကောင်မှာအလုပ်လုပ်နေရတာပါ။ တစ်နေ့မှာတော့ အေဂျင်စီအပြောင်းအလဲနဲ့ အလုပ်လက်မဲ့ဖြစ်နေရင်း သူငယ်ချင်းဖြစ်သူရဲ့မိတ်ဆက်ပေးမှုနဲ့အေဂျင်စီအသစ်ပိုင်ရှင် ခရစ်စ်နဲ့တွေ့ဆုံခဲ့ရပါတယ်။ ခရစ်စ်ဟာ အားကိုးရာမဲ့နေတဲ့သူ့ကို အစစအရာရာဖြည့်ဆည်းပေးရုံတင်မကပဲ သူအဆိုကောင်းကြောင်းကိုသိတဲ့အတွက် ဘားပိုင်ရှင်သူငယ်ချင်းတစ်ယောက်နဲ့မိတ်ဆက်ပေးရင်း သူ့ကိုဘားရဲ့ပင်တိုင်အဆိုတော်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ရုပ်ရည်ပြည့်စုံသလို ကြင်နာတတ်တဲ့ ခရစ်စ်ကိုအားကိုးချင်စရာတံတိုင်းတစ်ခုအဖြစ်မှီတွယ်ရင်း သူတို့နှစ်ယောက်ချစ်ကျွမ်းဝင်သွားခဲ့ကြပါတယ်။ တစ်ဖြည်းဖြည်းအနေကြာလာချိန်မှာ သူ့ကိုတရားလွန်ခင်တွယ်လွန်းတဲ့၊ သဝန်ကြောင်လွန်းတဲ့ ခရစ်စ်ရဲ့ဗီဇတွေကို သိရှိလာရရင်း ဖိလစ်ပိုင်က သူ့အစ်မဖြစ်သူ မီရာတစ်ယောက်ဟောင်ကောင်ကိုလိုက်လာချိန်မှာတော့ ခရစ်စ်ရဲ့အမှောင်ဘက်ခြမ်းတစ်ခုလုံးနဲ့ ရင်ဆိုင်တွေ့ရဖို့ အစ်ဇဘယ်အတွက်အကြောင်းဖန်လာပါတော့တယ်။ နာမည်ကျော် အဆိုတော်မင်းသမီး Empress Schuck ခေါင်းဆောင်ပါဝင်ထားတဲ့ Two of us ဟာငြိမ့်ငြိမ့်ညောင်းညောင်းခံစားကြည့်ရှုရမယ့် တေးသံစုံဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။