Movie Name
School Society (L’école Est à Nous) (2022)
Year
2022
Generes
Comedy
Code
EN3970
Type
Movie
Size
895 MB
Country
Hollywood
Description
ဒီဇာတ်ကားလေးကတော့ နိုင်ငံအများစုမှာ ကျင့်သုံးနေတဲ့ ပညာရေးစနစ်နှင့် မိဘတွေ မှားယွင်းစွာ စွဲမြဲနေတဲ့ အကျင့်စရိုက်တွေကြောင့် အနာဂါတ်ခေါင်းဆောင်လေးတွေဖြစ်တဲ့ ကလေးငယ်လေးတွေ အညွန့်ချိုးခံနေရတဲ့အဖြစ်ကို မီးမောင်းထိုးရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မစ္စ ဗာဂျင်နီသီဗနုက အရင်က တက္ကသိုလ်မှာ အဆင့်မြင့်သင်္ချာဘာသာရပ်ကို သင်ကြားတဲ့ တက္ကသိုလ်ဆရာမ ဖြစ်ပေမယ့် သူ့အတန်းကကျောင်းသားတစ်ယောက်ဟာ ဖိအားများလွန်းပြီး သတ်သေသွားတာကြောင့် စိတ်ဒဏ်ရာရပြီး အလယ်တန်းကျောင်းလေးကို သာမာန်သင်္ချာဆရာမအဖြစ် ပြောင်းလာပါတော့တယ်။ ဒီလိုနဲ့ သူမရောက်ပြီး မကြာပါဘူး၊ ဒီအလယ်တန်းကျောင်းလေးမှာ ပညာရေးဘုတ်အဖွဲ့က ရန်ပုံငွေကိုလျှော့ချလိုက်တဲ့ အတွက် ကလေးတွေကို အဓိကဘာသာရပ်တွေကလွဲပြီး တခြားဘာသာရပ်တွေကို လျှော့ချဖို့လုပ်တဲ့အခါမှာ ဆရာတွေရော ကျောင်းသားမိဘတွေပါ ကျောင်းမတက်ဘဲ ဆန္ဒပြပါတော့တယ်။ ဒါပေမဲ့ တချို့မိဘတွေက သူတို့သားသမီးက ဆန္ဒပြကာလအတွင်းမှာလည်း ကျောင်းတက်စေချင်တဲ့အတွက် ဒီကလေးအချို့ကို မစ္စသီဗနုနှင့် စက်မှုဆရာက ထိန်းရပါတော့တယ်၊ ဒီအချိန်မှာ မစ္စသီဗနုအနေနဲ့ ကလေးတွေအတွက် မွန်းကြပ်စရာကောင်းတဲ့ ကျောင်းကြီးကို ကလေးတွေ လာချင်စိတ်ဖြစ်အောင် ဘယ်လိုသင်ကြားမလဲ၊ မိဘတွေရဲ့ လောင်းရိပ်တွေ ဆရာဝန်မှ အင်ဂျင်နီယာမှဆိုတဲ့ လွဲမှားနေတဲ့အတွေးအခေါ်တွေကို ဘယ်လိုပြုပြင်ပေးမလဲဆိုတာကို စိတ်ဝင်စားဖွယ် အတုယူဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။