-
Movie Name
-
Road House (2024)
-
Year
-
2024
-
Generes
-
Action, Thriller
-
Code
-
EN3973
-
Type
-
Movie
-
Size
-
1.20 GB
-
Country
-
Hollywood
-
Description
-
ဂျိတ် ယီလင်ဟော အဓိကမင်းသားအဖြစ်ပါဝင်ထားပြီး
UFC ဖိုက်တာကြီး Conor McGregor ကြီးဗီလိန်လုပ်ထားတဲ့
ဒီရုပ်ရှင်ကို အတော်များများ မျှော်နေကြမယ်ထင်တယ်။
တကယ်လည်း ကြမ်းပါတယ်။ ကြည့်ရတာ အားရတယ်။
ဒါရိုက်တာကလည်း Edge of Tomorrow ကိုရိုက်ခဲ့တဲ့
Doug Liman ပါပဲ။ ဂျိတ်ယီလင်ဟောဟာ ဒီရုပ်ရှင်မှာ
UFC ဖိုက်တာဟောင်းအဖြစ်သရုပ်ဆောင်ဖို့ တရားလွန်ကို
လေ့ကျင့်ခဲ့ပြီး ဒါရိုက်တာက ရိုက်ဖူးသမျှ ရုပ်ရှင်တွေထဲမှာ
ဂျိတ်ရဲ့ သရုပ်ဆောင်ချက်ဟာ အကောင်းဆုံးပဲလို့ ပြောခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်း
***************
ဒေါ်တန် ဆိုတဲ့ UFC ဖိုက်တာဟောင်းတစ်ယောက်ဟာ
အကြောင်းတစ်ခုကြောင့် လောကကြီးကိုစိတ်ကုန်နေပြီး
လမ်းဘေးပွဲတွေမှာပဲလုပ်စားနေတာကြာပါပြီ။
တစ်နေ့မှာတော့ Road House လို့ခေါ်တဲ့ ဘားရဲ့ ပိုင်ရှင်
ကောင်မလေးက သူ့ဘားအတွက် လုံခြုံရေးလုပ်ဖို့
လာကမ်းလှမ်းတာကိုလက်ခံလိုက်ပါတယ်။ ဒါပေမဲ့
သူလုံခြုံရေးလုပ်ရတဲ့ဘားက သာမန်ရန်ဖြစ်တဲ့လူတွေတင်
မကဘဲ လူမိုက်အဖွဲ့ကြီးတစ်ခုကပါ ဘားကိုတမင်ပျက်စီးအောင်
လာလုပ်နေတာကိုတွေ့ရပြီး တစ်ယောက်တည်းနဲ့
လူမိုက်အုပ်ကြီးကို ခံချရပါတော့တယ်။ အက်ရှင်အသားပေးမို့
ဇာတ်လမ်းက ထွေထူးပြောစရာမလိုပါဘူး။
ရှယ်ကြိတ်တာတွေသာ ကြည့်လိုက်ကြပါ။