-
Movie Name
-
The Last Legion (2007)
-
Year
-
2007
-
Generes
-
Action, Adventure, Historical
-
Code
-
EN3974
-
Type
-
Movie
-
Size
-
1.30 GB
-
Country
-
Hollywood
-
Description
-
၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ သမိုင်းနောက်ခံအက်ရှင်စွန့်စားခန်း
ရုပ်ရှင်ဖြစ်တဲ့ The Last Region နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒါရိုက်တာ Doug Lefler က ရိုက်ကူးပေးထားပြီး
၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Valerio Massimo Manfredi ရဲ့
The Last Region ဝတ္တုကို အခြေခံထားပါတယ်။
Colin Firth ၊ Ben Kingsley နဲ့အိန္ဒိယရုပ်ရှင်မင်းသမီး
Aishwarya Rai တို့လိုအကျော်အမော်တွေ ပါဝင်သရုပ်ဆောင်
ထားပါတယ်။ အနောက်ရောမအင်ပါယာပြိုလဲခဲ့တဲ့ ၅ ရာစု
ဥရောပသမိုင်းကြောင်းကဖြစ်ရပ်တွေကို စိတ်ကူးဉာဏ်ကွန့်မြူးပြီး
ရိုက်ကူးထားတာဖြစ်ပါတယ်။ King Arthur ဒဏ္ဍာရီဖြစ်ပေါ်လာစေဖို့
အခြေခံအကြောင်းအရာတွေလည်း ထည့်သွင်းရိုက်ကူးထားတာ
မြင်တွေ့ရပါတယ်။
ဇာတ်လမ်းအကျဉ်း
****************
ရောမအင်ပါယာပြိုလဲပြီးတဲ့နောက် အသက် ၁၂ နှစ်အရွယ်
နောက်ဆုံးဧကရာဇ် Romulus Augustus ဟာ ကာပရီကျွန်းပေါ်မှာ
အကျဉ်းသားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Romulus ရဲ့
ပညာရှိဆရာဖြစ်တဲ့ Ambrosinus နဲ့တော်ဝင်အစောင့်တပ်မှူး
Aurelius တို့ရဲ့ကယ်တင်မှုနဲ့ ကာပရီကျွန်းကနေ
လွတ်မြောက်လာခဲ့ပါတယ်။ ရောမကိုသိမ်းပိုက်ခဲ့တဲ့ဂေါ့သ်တွေ
လက်ကထွက်ပြေးရင်း Romulus နဲ့သူ့လူတွေဟာ ဒဏ္ဍာရီလာနဂါး
တပ်ဖွဲ့ကိုရှာဖွေဖို့ ဘရစ်တားနီးယားကိုရောက်ရှိလာပြီး
ဘုရင်အာသာမွေးဖွားလာဖို့အတွက်လည်း အစပျိုးလာခဲ့ပါတော့တယ်။