Movie Name
Chinese Zodiac (2024)
Year
2024
Generes
Action
Code
CN0889
Type
Movie
Size
1.34 GB
Country
China
Description
ဂျက်ကီချန်းရဲ့ ၂၀၁၂ က ဂင်းနစ်စံချိန်တွေတင်ခဲ့တဲ့ အက်ရှင်ကားလေးပါ Armour of God(1986) နဲ့ Armour of God II: Operation Condor(1991) တို့ရဲ့ အဆက်ဖြစ်ပေမယ့် ဒီတစ်ကားတည်း ကြည့်လို့လည်း အဆင်ပြေပါတယ် ဂျက်ကီချန်းအနေနဲ့ “စတန့်အများဆုံး” နဲ့ “ရုပ်ရှင်တစ်ကားတည်းမှာ Credit အများဆုံး” ဆိုတဲ့ ဂင်းနစ်စံချိန်နှစ်ခု တင်နိုင်ခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယဘိန်းစစ်ပွဲကာလမှာ ပြင်သစ်-အင်္ဂလိပ်လူမျိုးတွေက တရုတ်နိုင်ငံရဲ့ အထင်ကရ Old Summer Palace ကို ဝင်စီးခဲ့ပြီး တရုတ်ရာသီခွင် ကြေးခေါင်းရုပ် ၁၂ ရုပ်ကို ခိုးသွားခဲ့ပါတယ် မျက်မှောက်ခေတ်မှာ MP လုပ်ငန်းစုက ကြေးရုပ်တွေကို လေလံတင်ဖို့ JC (ဂျက်ကီချန်း) ကို ကျန်ရှိနေတဲ့ ကြေးရုပ်တွေ ရှာပေးနိုင်ရင် ဘောနပ်စ် ၁၀ ဆ ပေးမယ်ဆိုပြီး တာဝန်ပေးပါတယ် ဒီလိုကနေ JC တို့အဖွဲ့က ရှေးဟောင်းပစ္စည်းကျွမ်းကျင်တဲ့ ကောင်မလေးဖြစ်တဲ့ Coco ရှိတဲ့ ပဲရစ်ကို ရောက်လာခဲ့ပြီး ကြေးခေါင်းတွေပိုင်ထားတဲ့ ပြင်သစ်သူလေး ကတ်သရင်းရဲ့ စံအိမ်ကိုပါ ရောက်သွားပါတယ် ဒီကနေ သူတို့တွေလူစုပြီး ကျွန်းတစ်ကျွန်းပေါ်မှာ ရွှေတုံးတွေရှာတဲ့ဇာတ်လမ်းနဲ့ ကြေးခေါင်းအရှုပ်တော်ပုံ စွန့်စားခန်းတွေကို တစ်ဝကြီးခံစားရမှာဖြစ်ပြီး… နာမည်ကြီးကားမို့လို့ ကြည့်ပြီးသားဆိုတဲ့ သူတွေကိုလည်း နောက်တစ်ခေါက် ပြန်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်