Movie Name
Narakasura (2023)
Year
2023
Generes
Action, Comedy, Family
Code
IND1170
Type
Movie
Size
1.26 GB
Country
Bollywood
Description
Narakasura (2023) “နတ်ဆိုး” IMDb 8.4 ရထားတဲ့ တေလဂူး အက်ရှင်ဇာတ်ကားလေးဖြစ်ပြီး စွန့်လွှတ်ခြင်း၊ အချစ်၊ အာဏာ၊ ရိုမန့်၊ LGBT community အစရှိသဖြင့် ခံစားမှုရသစုံလင်အောင် ပရိသတ်ကြီးကို ဖျော်ဖြေပေးနိုင်မယ့် ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် “နတ်ဘုရားတစ်ပါး မိစ္ဆာအသွင်ပြောင်းသွားရင် သာမန်မိစ္ဆာတွေထက် အဆမတန်ပိုပြီး ရက်စက်တတ်တယ်” ဆိုတဲ့ စကားအတိုင်း ဇာတ်လိုက်ကျော် “ရှီဗာ” ရဲ့ အမျက်ဒေါသနဲ့အတူ နောက်ဆက်တွဲ လက်စားချေခြင်းတို့ကို တွေ့မြင်ရမှာပါ ဇာတ်လမ်းအစမှာ ငရုတ်ကောင်းခြံတစ်ခြံရဲ့ လူတိုင်းအားထားရတဲ့ အလုပ်သမား “ရှီဗာ” ပျောက်ဆုံးသွားတာကို အားလုံးလိုက်ရှာစုံစမ်းကြရင်း လျှို့ဝှက်ချက်တွေနဲ့ တစ်ဖက်သတ် အချစ်ဇာတ်လမ်းတို့ သိလာကြပြီး… ရှီဗာ့ကိုချစ်တဲ့သူ၊ ရှီဗာက ချစ်တဲ့သူတွေကို လွှတ်တော်အမတ်ရဲ့သားဖြစ်သူ အာဒီနိုင်ဒူက နှောင့်ယှက်လာတဲ့အခါမှာ ပင်ကိုယ်ခွန်အားကြီးပေမယ့် အေးဆေးနေတတ်သူ “ရှီဗာ” တစ်ယောက် နတ်ဆိုးသဖွယ် ဒေါသငယ်ထိပ်တက်သွားခဲ့ပြီး အပျက်အစီး ထိခိုက်မှုတွေ သောင်းပြောင်း ဖြစ်လာခဲ့ချိန်မှာတော့ ။။။ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာ ခံစားကြည့်ရှုလိုက်ပါဦး