Movie Name
The Snow Walker (2003)
Year
2003
Generes
Drama
Code
EN3992
Type
Movie
Size
1.01 GB
Country
Hollywood
Description
၂၀၀၃ ခုနှစ်က ထွက်​ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ ကနေဒါနိုင်ငံအနောက်​မြောက်ပိုင်းက ရာသီဥတု​အေးစက်​ကြမ်း​တမ်းပြီး သစ်ပင်​တောင်ပေါက်ရောက်နိုင်ခြင်းမရှိတဲ့ ကမ္ဘာ့မြောက်ဘက်ခြမ်း​ အအေးပိုင်းစိမ့်မြေတွေကို ကျော်​ဖြတ်​ပြီး အသက်ရှင်သန်ဖို့ကြိုးစားကြတဲ့ လူဖြူ​လေယာဉ်မှူး​နဲ့ ဒေသခံအက်စကီးမိုး မိန်းကလေးတစ်ဦးအကြောင်း ရိုက်​ကူးထားတာဖြစ်ပါတယ်။ ၁၉၅၂ ကာလတွေကို တည်​ထားတာဖြစ်ပြီး ဖြစ်​ရပ်​မှန်​ကို တစိတ်တပိုင်းအခြေခံထားတဲ့ Walk Well Brother​ ဆိုတဲ့​ ဝတ္ထု​တိုကို ရုပ်​ရှင်​အဖြစ်​ အသက်​သွင်း​ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဉ်းက ချာ​လီ​ဟောလီးဒေးက ဒုတိယ​ကမ္ဘာ​စစ်အတွင်းက ကနေဒါ​လေတပ်မှာ ဗုံးကြဲ​လေယာဥ်​မှူးအဖြစ် ထမ်း​ဆောင်​ခဲ့သူဖြစ်ပြီး စစ်အပြီးမှာ ဒေသခံကုမ္ပဏီတစ်ခုမှာ Bush Pilot အဖြစ်ဆောင်ရွက်နေပါတယ်။ တစ်နေ့မှာ​ အလုပ်​ကိစ္စ​တစ်ခုအတွက် လေယာဥ်​မောင်း​လာရင်း လမ်းခုလတ်မှာ ဒေသခံ​ Inuk အက်​စကီး​မိုး​လူမျိုး​တစ်စုနဲ့တွေ့ပြီး ဖျားနာ​နေတဲ့ ဒေသခံ​မိန်းကလေးတစ်ဦးကို ဆေးရုံ​ပို့ဖို့ Yellowknife မြို့​ကို ပို့ပေးရမဲ့အကြောင်းဖန်လာပါတယ်။ လမ်း​မှာ လေယာဉ်​ပျက်ကျပြီး ကျယ်​ပြောလှတဲ့အအေးပိုင်းစိမ့်မြေလွင်ပြင်ပေါ်မှာ နှစ်ယောက်​သား သောင်​တင်နေပါတော့တယ်။ အင်္ဂလိပ်​စကား​ကောင်းကောင်းမပြောတတ်တဲ့ အက်​စကီး​မိုးမလေး Kanaalaq နဲ့ အကျိုး​အမြတ်​လိုချင်​လို့သာ မိန်း​ကလေး​ကို ဆေးရုံ​ပို့ပေး​ဖို့ဆုံးဖြတ်ခဲ့တဲ့ မောက်​မာရိုင်းစိုင်းပြီး ကျွတ်​ဆတ်ဆတ်နိုင်တဲ့ လူဖြူ​ပိုင်း​လော့​ ချာ​လီတို့​နှစ်ဦး လူသူကင်းမဲ့တဲ့ လွင်တီးခေါင်ကြီးမှာ အသက်​ရှင်​သန်ဖို့ကြိုးစားကြပုံကို တင်​ဆက်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်​က Leo Awards ၆ ခု​အပြင်​ တခြား​ဆုများစွာ ဆွတ်​ခူး​ခဲ့ပြီး ဝေဖန်​သူတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်​ဖြစ်​ပါတယ်။ အက်စကီးမိုးအမျိုးသမီးငယ်နေရာမှာ သရုပ်ဆောင်​တဲ့ မင်း​သမီးကိုယ်တိုင်ကလည်း ဒေသခံ​ Inuit တိုင်း​ရင်း​သူဖြစ်ပါတယ်။ ဒီရုပ်ရှင်​မှာ နာမည်ကြီး​ Dance​s with Wolves​ လို အငွေ့​အသက်​မျိုးတွေ့ရပြီး Kannalaq နဲ့ ခင်​မင်​ရင်းနှီးလာပြီးနောက် ​ဒေသခံ​တိုင်းရင်း​သားတွေအပေါ် ချာ​လီရဲ့အမြင် တွေပြောင်းလဲလာပုံက Dances with Wolves ရုပ်ရှင်​က ဗိုလ်​လေးဒန်ဘာနဲ့ လူနီအင်​ဒီးယန်း​လူမျိုး​တွေအကြား သံယောဇဉ်​ဖြစ်တည်လာပုံနဲ့ ဆင်တူပါတယ်။ နောက်​ဆုံး​ဇာတ်​သိမ်းလေးကလည်း ဆွတ်​ပျံ့ကြည်နူးဖွယ်ကောင်းပြီး ကြည့်လိုက်​လို့ အရှုံး​မရှိတဲ့ရုပ်ရှင်မျိုးလို့မြင်ပါတယ်