-
Movie Name
-
Sundaram Master (2024)
-
Year
-
2024
-
Generes
-
Biography
-
Code
-
IND1180
-
Type
-
Movie
-
Size
-
909 MB
-
Country
-
Bollywood
-
Description
-
Sundaram Master (2024) အလွဲများနဲ့ကျောင်းဆရာဘဝ
IMDb -8.4/10
ဘဝအမောတွေကို ရယ်မောရင်းဖြေဖျောက်လိုသူတွေ အကြိုက်တွေ့မယ့်
တေလဂူဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဟာသသီးသန့်ချည်းလည်းမဟုတ်
တွေးစရာ ငေးစရာလေးတွေနဲ့ ဒရာမာလေးတွေလည်း ရောယှက်ပါဝင်သေးတာမလို့ ဇာတ်လမ်းလေးကို ခံစားကြည့်ရအောင်ပါ။
ဆန်ဒရာရောင်ဟာ လူမှုရေးဘာသာသင်တဲ့ဆရာတစ်ယောက်၊ ကျောင်းသားတွေကိုတော့ လူမှုရေးကဘယ်လို စာရိတ္တကဘယ်လို
သင်ကြားပေးနေရသူပေမဲ့ ကိုယ်တိုင်ကတော့ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံနဲ့ ငွေလည်းမက်တဲ့သူတစ်ယောက်ပါ။
အိမ်ထောင်ပြုဖို့ သတို့သမီးလောင်းတွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်တွေ့ပြီး တင်တောင်းငွေပိုပေးတဲ့သူနဲ့ယူမယ်ဆိုပြီး
လေလံတင်သလိုလုပ်နေလို့ အိမ်ကတောင် တားယူရတဲ့အထိပါပဲ။ ဒါပေမဲ့ ဆွန်ဒရာကတော့ ဘယ်သူဘာပြောပြော ငွေမျက်နှာကြည့်မြဲကြည့်ဆဲပါပဲ။
ဒီလိုနဲ့ တစ်နေ့ ဆွန်ဒရာဆီကို လွှတ်တော်အမတ်က ရောက်လာပြီးတော့ ပြင်ပလောကနဲ့ အဆက်ပြတ်နေတဲ့ တောရွာဇနပုဒ်လေးတစ်ခုမှာ
အင်္ဂလိပ်စာသင်ပေးဖို့ စေလွှတ်မယ့်အကြောင်း ခေါ်ပြောပါတော့တယ်။ အင်္ဂလိပ်စာသင်ဖို့က အယောင်ပြသက်သက်ဖြစ်ပြီး
တကယ်ကတော့ ရွာရဲ့လျှို့ဝှက်ချက်ကို စုံစမ်းပြီး လွှတ်တော်အမတ်ကို ပြန်သတင်းပေးစေချင်တာပါ။
လွှတ်တော်အမတ်ရဲ့မက်လုံးမှာမျောသွားတဲ့ လောဘသမားလေး ဆန်ဒရာလည်း
ပျော်ပျော်ကြီးခေါင်းငြိမ့်ပြီး ရွာမှာ ၆ လ အင်္ဂလိပ်စာသင်ဖို့ သွားပါတော့တယ်။
လူမှုရေးဘာသာသင်တဲ့ဆရာပေမဲ့ အင်္ဂလိပ်စာကို ရိပ်ဖမ်းသံဖမ်းတော့ ရွှီးနိုင်တာမလို့
နှစ် ၉၀ အင်္ဂလိပ်စာမသင်ရတဲ့ရွာငယ်လေးကို နှပ်ချဖို့သွားတာပေမဲ့ တစ်ရွာလုံးက
အီးစကေးကျွမ်းနေကြတဲ့အခါမှာတော့ ဘယ်လိုအလွဲလွဲအချော်ချော်နဲ့ ရှေ့ဆက်မလဲဆိုတာ ရှုစားကြပါဦး။