Movie Name
Love Song For Illusion (2024)
Year
2024
Generes
Drama, Fantasy, Historical, Romance
Code
SKR0972
Type
Series
Size
5.60 GB
Country
Korea
Description
1-16 complete 2024 အစမှာ ထွက်ရှိလာတဲ့ Wanna one ရဲ့ အဖွဲ့ဝင်ဟောင်း Park Ji-hoon နဲ့ မင်းသမီး Hong Ye ji တို့ရဲ့ နန်းတွင်းကားအသစ်လေးဖြစ်ပါတယ် Weak hero class ထဲမှာ အမိုက်စား acting တွေ ကြမ်းပြခဲ့တဲ့ Park Ji-hoonကို ဒီတစ်ခေါက်မှာလည်း အကျင့်စရိုက်နှစ်မျိုးရှိနေတဲ့ character နဲ့ အမိုက်စား မြင်တွေ့ရဦးမှာဖြစ်ပါတယ် ဒီဇာတ်လမ်းကတော့ Love Song For Illusion ဆိုတဲ့ WEBTOON လေးကို ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ————– အိမ်ရှေ့စံမင်းသား Sajo Hyun ကတော့ ခန္ဓာကိုယ်တစ်ခုတည်းမှာ စရိုက်နှစ်ခုကွဲပြားနေတဲ့ စိတ်ရောဂါတစ်ခုကို ခံစားနေရတဲ့သူပါ အိမ်ရှေ့မင်းသားဆိုတဲ့ သရုပ်မှန်ကို ဖုံးကွယ်ပြီး မြို့ထဲက ဆိုင်လေးတစ်ခုမှာ မိမိရဲ့ အရည်အချင်းနဲ့ ဒီဇိုင်နာအဖြစ်လုပ်ကိုင်နေတဲ့ ပထမအကျင့်စရိုက် Sajo Hyun နဲ့ အခြားသူတွေနဲ့ အသားချင်းထိလိုက်တဲ့အခါမှာ နာကျင်မှုကိုပြင်းပြင်းထန်ထန်ခံစားရတဲ့ ဒုတိယအကျင့်စရိုက် Ak Hee ဒီလို ဆန့်ကျင်ဘက်ဖြစ်တဲ့ အကျင့်စရိုက်နှစ်ခုဟာ ခန္ဓာကိုယ်တစ်ခုတည်းကို သုံးရက်မှာ တစ်ကြိမ် ပြောင်းပြီး မျှဝေနေထိုင်ကြပါတယ် Yeon Wol ကတော့ ပျက်သုဉ်းသွားတဲ့ Yeon မင်းဆက်ရဲ့ တော်ဝင်မျိုးနွယ်တစ်ယောက်ဖြစ်ပြီး Yeon Poong Hak တစ်ဦးတည်းသော သမီးပါ ဖခင်ရဲ့ နိုင်ငံတော်သစ္စာဖောက်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်မိသားစုလုံး အသတ်ခံရပြီးတဲ့နောက် သူမတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့ပါတယ် မတရားစွပ်စွဲခံရပြီး သေဆုံးသွားတဲ့ မိသားစုအတွက် လက်တုံ့ပြန်ပေးဖို့ နာမည်ပြောင်းပြီး လုပ်ကြံသူအဖွဲ့ထဲကို ဝင်ခဲ့ပါတယ် တစ်ညမှာတော့ ဘုရင်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် နန်းတော်ထဲကို ခိုးဝင်နေတုန်း မထင်မှတ်ထားတဲ့ ထောင်ချောက်ထဲကို ရောက်သွားပြီး သတိလစ်မေ့မြောသွားခဲ့ပါတယ် Yeon Wol သတိပြန်ရလာတော့ အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်လုပ်တော်တစ်ယောက်အဖြစ်ပြန်လည်နိုးထလာတဲ့အခါ…. ဘာတွေဆက်ဖြစ်လာမလဲ? မထင်မှတ်ထားတဲ့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ ဘယ်လို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပြသသွားမလဲဆိုတာကိုတော့ ဆက်လက် စောင့်မျှော်ကြည့်ရှုကြပါဦးနော်