-
Movie Name
-
Brawl In Cell Block 99 (2017)
-
Year
-
2017
-
Generes
-
Action, Crime
-
Code
-
00780
-
Type
-
Movie
-
Size
-
943 MB
-
Country
-
Hollywood
-
Description
-
ဇာတ်ကားကြမ်းကြမ်းတမ်းတမ်းကြည့်ချင်သူတွေအတွက်ဇာတ်ကားသစ်လေးပါ။အစပိုင်းကတော့သိပ်ကြမ်းမယ်မထင်ရပေမယ့်နောက်ပိုင်းမှာရှယ်ကြမ်းပြတဲ့ကားလေးပဲဖြစ်ပါတယ်။Ratingအနေနဲ့လည်း 7.3အထိရထားတဲ့ကားလေးလည်းဖြစ်ပါတယ်။အရင်ကလက်ဝှေ့သမားဖြစ်တဲ့ဘရက်ဒ်လေဟာလက်ရှိလုပ်နေတဲ့ကားပြုပြင်ရေးအလုပ်ကနေအထုတ်ခံလိုက်ရပါတယ်။အဲဒါထက်အိမ်ပြန်ရောက်တော့သူချစ်တဲ့ဇနီးဖြစ်သူကပါဖောက်ပြန်နေမှန်းသိတော့ အတော်စိတ်ပေါက်ကွဲသွားရတာပါပဲ။ဒါပေမယ့်ဘရက်ဒ်လေရဲ့စိတ်ကိုထိန်းချုပ်နိုင်ပုံခွင့်လွှတ်ပေးပြီးချစ်နိုင်ပုံကတော့စံပါပဲ။ဇနီးဖြစ်သူနဲ့သဘောတူညီချက်ယူပြီးအမြန်ဆင်းရဲတွင်းကလွတ်ဖို့အတွက်သူငယ်ချင်းဟောင်းဖြစ်သူဂီးလ်နဲ့အတူမူးယစ်ဆေးမှောင်ခိုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘရက်ဒ်လေတို့မိသားစုသမီးမိန်းကလေးမွေးတော့မယ့်အချိန်၊အိမ်ထောင်ရေးကလည်းသာသာယာယာနဲ့ပြည့်စုံနေတဲ့အချိန်မှာပဲကံကြမ္မာငင်တော့တာပါပဲ။မကောင်းမှုလုပ်ထားသူကတော့တစ်ကွေ့တော့အဲဒီမကောင်းမှုပြန်အကျိုးပေးပုံလေးကိုပါပြထားတာပါ။နောက်ဆုံးအလုပ်ဆိုပြီးလုပ်လိုက်တဲ့အလုပ်မှာလွဲမှားမှုတွေဖြစ်ပြီးဘရက်ဒ်တစ်ယောက်ထောင်ကျတော့တာပါပဲ။အဲဒီကစလို့ပွဲကြမ်းတော့တာပဲ။ဘယ်လိုပွဲကြမ်းမလဲဆိုတာတော့ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။အသည်းယားတတ်သူများကတော့ဝေါင်ဝေါင်ရှေးထားပေါ့ဗျာ။အမှန်အကန်ကြမ်းပြတာပါပဲ။လောကမှာအကြောင်းအကျိုးနဲ့ဖြစ်လာသမျှကိုဘယ်သူမှရှောင်လို့မရတာကိုပြသွားတာပါ။ကိုယ်မျှော်လင့်သလိုဖြစ်မလာနိုင်တာကိုလည်းတွေ့ရမှာပါ။Ratingကလည်းကောင်းတယ်ဆိုတော့ အပန်းပြေဇာတ်ကြမ်းလေးအားပေးလိုက်ကြပါဦး။