Movie Name
Slow (2023)
Year
2023
Generes
Drama, Romance
Code
EN4011
Type
Movie
Size
1.09 GB
Country
Hollywood
Description
Slow (2023) မှတ်မိသလောက်ဆို တစ်ခါသား ပလေတိုက သူ့ဆရာသမားဆော့ခရိတ္တိကို “အချစ်ဆိုတာ ဘာလဲ ဆရာ”လို့ လာမေးတယ်။ ဆော့ခရိတ္တိက ပလေတိုကို တောထဲသွားပြီး မင်းအလှဆုံး ထင်တဲ့ ပန်းတစ်ပွင့်ခူးခဲ့ဆိုပြီး မှာလိုက်တယ်။ ပလေတိုက တောထဲသွားပြီး သူ့အလှဆုံးထင်တဲ့ ပန်းတစ်ပွင့်ကို သွားခူးလာတယ်။ ပြန်လာတော့ ပန်းက လမ်းမှာကြာတာကြောင့်ရော သူ့ဘာသာကိုက အပင်ကခူးပြီးရင် မခံတာကြောင့်ရော ညှိုးသွားတယ်။ ဒီတော့ ဆော့ခရိတ္တိက ပလေတိုကို နောက်တစ်ခေါက်ထပ်သွားခိုင်းတယ်။ ဒီတစ်ခါကျ ပလေတိုက တော်တော်နဲ့ပြန်ပေါ်မလာဘူး။ လနဲ့ချီလာတော့ ဆော့ခရိတ္တိက တောထဲလိုက်လာတယ်။ တောတွင်းတစ်နေရာမှာ ပလေတိုက တဲထိုးပြီးနေနေတာတွေ့ရတယ်။ သူ့အလှဆုံးလို့ထင်တဲ့ ပန်းပွင့်ရှိတဲ့အပင်နားမှာ တဲထိုးနေနေတာပေါ့။ အဲဒီမှာ ဆော့ခရိတ္တိက ပလေတိုကို အချစ်ဆိုတာ ဘာလဲ မင်းသိပြီကိုးလို့ ပြောသတဲ့။ “ပလေးတိုးနစ်အချစ်” ဆိုတာ ပိုင်ဆိုင်ရ ပေါင်းဆုံရမှမဟုတ်ဘဲ အချစ်ကိုအချစ်အတိုင်း ချစ်နေတဲ့အချစ်လို့ တာရာမင်းဝေ က သင်နဲ့နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်ထဲ ရေးဖူးတယ်။ သူ့ဖွင့်ဆိုချက်ကတော့ ပလေတိုးနစ်အချစ်ဆိုတာ လိင်ဆန္ဒတွေ ရိုမန့်တစ်တွေ မရှိနေတဲ့အချစ်မျိုး ဒါမှမဟုတ် အဲဒီအရာတွေကို ဖိနှိပ်ထားပြီးနေတဲ့အချစ် သန့်စင်အောင်နေတဲ့ အချစ်မျိုးပေါ့။ ဒါပေမဲ့ ဒီတိုင်း ခင်မင်မှုထက်တော့ ပိုတယ်တဲ့။ ပုံမှန်ဆိုရင်တော့ တစ်ဖက်သတ်အချစ်မှာ ဒါမျိုးခပ်ဆင်ဆင်မြင်ရမလားပဲ။ ဒီကားမှာတော့ တစ်မျိုးတစ်ဘာသာဆန်းစွာနဲ့ ပြထားတယ်။ ဒီရုပ်ရှင်က ပလေတိုးနစ်အချစ်ကနေ ရိုမန့်တစ်အချစ်ကို ကူးပြောင်းသွားတဲ့ အတွဲတစ်တွဲကြောင်း ရိုက်ပြထားတဲ့ဇာတ်ပဲ။ ပလေတိုးနစ်အချစ်ဖြစ်သွားရတဲ့အကြောင်းက ဒီရုပ်ရှင်က ကောင်လေးက ဘယ်လိင်ကိုမှ လိင်စိတ်တိမ်းညွတ်မှုမရှိနေလို့ပဲ။ သူ့အမြင်ကတော့ ဆက်ဆံရေးတစ်ခုမှာ အတွဲတစ်တွဲမှာ ဘယ်လိုဘယ်ပုံ ဘယ်လိုဘယ်ဝါချစ်ရမယ်ဆိုတဲ့ ပုံသေနည်းတွေမရှိဘူးလို့ဆိုတယ်။ ဒီတော့ သူ့ကောင်မလေးက တခြားကောင်တွေနဲ့အိပ်ပြီး သူနဲ့တွဲနေလည်း အဆင်ပြေတယ်ပေါ့။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်လည်း အပြည့်အဝနားလည်ကြတယ်။ ဒီလိုနဲ့ ဒီအချစ်ကနေ ရွေ့လျောလာတဲ့အခါ သူတို့ဆက်ဆံရေးကြား ဖြစ်လာတဲ့ ပြဿနာကို အဖြေမရှာဘဲ ရှောင်ပြေးဖို့ကြိုးစားတယ်။ ဒီလိုရှောင်ပြေးဖို့ ကြိုးစားပေမဲ့လည်း အဖြေကိုရှာဖို့ အချိန်က သူ့ဘာသာဆိုက်ရောက်လာတဲ့အခါ ဘယ်လိုအဖြေမျိုး သူတို့တွေ့ရှိသွားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပဲကွဲပြားနေပါစေ။ တကယ်တမ်းအခြေခံအကျဆုံးအချက်တွေပြန်ကြည့်ရင် အကုန်အတူတူတွေပါပဲ။ ကိုယ်ကိုယ့်ကိုယ်သေချာနားလည်ရင် သူများကို နားလည်ပြီလို့ဆိုသလိုပေါ့။ ကိုယ့်ကိုယ်ကိုယ်နားလည်ရင် အားလုံးကို နားလည်ပြီဆိုတဲ့ စကားလည်းရှိနေတယ်။ ဘယ်လိုအခြေအနေပဲက ဘယ်လိုလူတွေပဲဖြစ်ဖြစ် များသောအားဖြင့်တော့ လူတွေဟာ လူတွေပဲမို့။ အဖြေတွေက အမြဲတမ်းအတူတူတွေပါပဲ။ ဒီရုပ်ရှင်က ဆက်ဆံရေးဟာ ကျွန်တော်တို့ ဆက်ဆံရေးတွေကို တစ်စိတ်တစ်ဒေသဖြစ်စေ ထင်ဟပ်နေမယ့် ရုပ်ရှင်ပါပဲ။ အချစ်ဆိုတဲ့အရာကလည်း တငွေ့ငွေ့ချင်း ကျွမ်းအောင်လောင်တတ်တယ်။