Movie Name
Lambasingi (2024)
Year
2024
Generes
Drama
Code
IND1188
Type
Movie
Size
1.44 GB
Country
Bollywood
Description
Lambasingi (2024) “အချစ်ကြောင့်” စိမ်းလန်းသာယာတဲ့ တောတောင်ရှုခင်းတွေနဲ့ ကျေးလက်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ လူမျိုးစုတွေနေထိုင်တဲ့ တောနက်ကြီးအနီးက နယ်မြို့လေးဆီမှာ တာဝန်ကျလာတဲ့ တပ်သားအသစ်ကလေး ဗီရာ။ ဒီမြို့လေးမှာက ရာဇဝတ်မှုထွေထွေထူးထူး သိပ်မရှိတဲ့အတွက် အလုပ်တာဝန်ကြီးကြီးမားမားမရှိ။ သူပုန်တွေ ပေါပေမဲ့ သူပုန်တွေကိုကိုင်တွယ်ဖို့ကလည်း တခြားတပ်စုကိုတာဝန်ပေးထားပါတယ်။ ဗီရာလုပ်ရတာဆိုလို့ အရာရှိတွေ နိုင်ငံရေးသမားတွေ လာတဲ့အခါ ကြိုတင်စီစဉ်ဖို့နဲ့ ကင်းလှည့်ဖို့အတွက်လောက်ပါပဲ။ တာဝန်ထမ်းဆောင်ဖို့ နယ်မြို့လေးကို ရောက်ရောက်ချင်းနေ့မှာပဲ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်မိသွားပေမဲ့ ဘယ်သူဘယ်ဝါမှန်းက မသိလိုက်ရ။ တစ်ရက် တွဲဖက်နဲ့အတူ လက်နက်ချထားတဲ့သူပုန်ဗိုလ်ကြီးဆီ လက်မှတ်သွားယူတဲ့အချိန်မှာ သူချစ်မိတဲ့ မိန်းကလေးကို တွေ့လိုက်ရပါတယ်။ မိန်းကလေးက လက်နက်ချထားတဲ့သူပုန်ဗိုလ်ကြီး ဖြစ်နေတဲ့အခါမှာတော့။ သူတို့အချစ်ဇာတ်လမ်းလေးမှာ ဘယ်လိုတွေ ရင်ဆိုင်ဖြတ်ကျော်ကြရမလဲ ခံစားကြည့်ရှုကြပါဦး။