Movie Name
Detective K - Secret Of The Lost Island (Joseon Myungtamjung - Nobui Ddal) [2015]
Year
2015
Generes
Action, Comedy, Historical
Code
KR0573
Type
Movie
Size
897 MB
Country
Korea
Description
ဒီကားကတော့ ရှေ့က Detective K ရဲ့ အဆက်ကားပါ … အဲ့အချိန်က ဂျိူဆွန်းမှာ ငွေအတုပြသနာတွေပေါ် ပေါက်နေပြီး ငွေကြေးဖောင်းပွမှု့တွေ ဖြစ်နေတာကြောင့် စုံထောက်ကေ ကို စုံစမ်းခိုင်းပါတယ် ဒါပေမဲ့ သိတဲ့ အတိုင်း မလွဲရင် မနေနိုင်တဲ့ ကေ ကို မင်းကြီးက ကျွန်းတစ်ကျွန်းမှာ နယ်နှင်ဒဏ်ပေးလိုက်ပါတော့တယ်။ သူ့လူဆိုဖီးနဲ့ အဲ့ကျွန်းမှာ အချိန်ကုန်ရင်း နဲ့ တစ်နေ့မှာတော့ ခလေးမလေးတစ်ယောက်က ပင်လယ်ကို ဖြတ် ပြီးရောက်ရှိလာပါတယ်။သူလာရတဲ့ အကြောင်းရင်းကတော့ ပျောက်ဆုံးသွားတဲ့ သူ့ညီမလေးကို ပြန်ရှာပေးဖို့ လာတောင်းဆိုတာပါ။ကောင်မလေးက မရမက တောင်းဆိုမှု့ နဲ့ မြို့တော် အတွင်းက ငွေပြသနာတွေ ကြောင့် စုံထောက်ကေတစ်ယောက် ကျွန်းကနေခိုးထွက်ဖို့ လုပ်ပါတော့တယ်။ဒီလိုနဲ့ သူ အပြင်လောက ပြန်ရောက်တဲ့ အခါ ကလေးတွေငွေကြေးပြသနာ အပြင် ခလေးတွေ အများအပြားပျောက်ဆုံးနေတာာတွေ ခလေးအလောင်းတွေ ကမ်းမှာလာလာတင်နေတာတွေကိုပါသိရှိလာပါတယ်။တစ်နေ့မှာ သင်္ဘောတစ်စင်း ပျက်တဲ့နေရာမှာ သူမထင်မှတ်ထားတဲ့ ကလေးတစ်ယောက်ရဲ့ အလောင်းကို တွေ့လိုက်ရတဲ့ အခါမှာတော့…. စုံထောက်ကေ တစ်ယောက် ငွေအတုပြသနာ ခလေးတွေ သေဆုံး ပျောက်ဆုံးတဲ့ ပြသနာတွေကို သူ့ကို လိုက်ဖမ်းနေတဲ့ ရဲမက်တွေ လူဆိုးဂိုဏ်းတွေရဲ့ကြားထဲကနေ ဘယ်လိုဖြေရှင်းမလဲဆိုကို ဟာသလေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှု့ရမှာပါ။