Movie Name
The Impossible Heir (2024)
Year
2024
Generes
Drama, Thriller
Code
SKR0973
Type
Series
Size
3.75 GB
Country
Korea
Description
အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံး Alchemy of Souls ထဲက မင်းသား Lee Jae-Wook နဲ့ Brave Citizen ထဲက မင်းသား Lee Jun-Young တို့ နှစ်ယောက်ကို တစ်ကားထဲမှာတင် အတူတူတွေ့မြင်ရမယ့် The impossible heir စီးရီးဟာ နောက်ဆုံးတော့ ထွက်ရှိလာခဲ့ပါပြီ။ ဇာတ်လမ်းအညွှန်း —————————– အဖေဖြစ်သူက အမေကို သတ်ခဲ့တယ်ဆိုတဲ့ အတိတ်ဆိုးကြောင့် လူတွေရဲ့ ပျက်ရယ်ပြုခြင်းနဲ့ ဖယ်ကျဉ်ခြင်း‌ေတွကို ခံခဲ့ရတဲ့ Han Tae-O(Lee Jae-Wook)။ Kango လုပ်ငန်းစုကြီးရဲ့ သူဌေးမိသားစုကြီးကနေ မွေးဖွားလာခဲ့ရပေမဲ့လည်း တရားမဝင်သားဖြစ်နေတဲ့အတွက်ကြောင့် ကိုယ့်ရဲ့မိသားစုဝင်‌ေတွဆီက‌ေနတောင် လျစ်လျူရှူခြင်းနဲ့ အထင်သေးခြင်းတွေကို ခံခဲ့ရတဲ့ Kang In-Ha(Lee Jun-Young)။ အထက်တန်းကျောင်းမှာ စတင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ခြားနားတဲ့ နောက်ခံတွေကနေ လာခဲ့ကြပေမဲ့ တူညီတဲ့ခံယူချက်တွေကြောင့်ပဲ သူငယ်ချင်းဖြစ်လာခဲ့ကြပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့… ဘဝရဲ့ အောင်မြင်မှုတွေကို လိုချင်တဲ့ Han Tae-O နဲ့ Kango လုပ်ငန်းစုကြီးရဲ့ ဆက်ခံသူရာထူးကို ရယူချင်တဲ့ Kang In-Ha ။ နှစ်ယောက်လုံးရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် Han Tae-O ဟာ Kang In-Ha ကို ကူညီဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နဲ့ အလားတူ တစ်ဖက်မှာလည်း ငယ်ရွယ်ပြီး ထက်မြတ်ပေမဲ့ အမေဖြစ်သူရဲ့ အကြွေးတွေကြောင့် ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ Na Hye-won(Hong Su-Zu)ဟာ အတူတူပူးပေါင်းပြီး‌ေတာ့ သုံးယောက်သားအတူတူ… သူတို့ဘဝရဲ့ ရည်မှန်းချက်တွေကို ဘယ်လိုအကောင်အထည်ဖော်ပြီး ပန်းတိုင်တွေဆီကို အရောက်သွားကြမလဲဆိုတာကိုတော့ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။