-
Movie Name
-
Dune Part Two (2024)
-
Year
-
2024
-
Generes
-
Action, Adventure, Drama
-
Code
-
EN4033
-
Type
-
Movie
-
Size
-
1.77 GB
-
Country
-
Hollywood
-
Description
-
Dune: Part Two (2024) ထွက်ရှိလာပါပြီ…
အညွှန်းကိုတော့ part 1က ဟာကိုပဲ
စပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်…
သာမန် Sci- ficတွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့
Duneစာအုပ်တွဲတွေကို မှီငြမ်းရိုက်ကူးထားတဲ့
ဇာတ်လမ်း၊ Timotheé Chalamet, Zendaya, Oscar Issac,
တို့အပါအဝင် ကောင်းပေ့ဆိုတဲ့ Castတွေ၊ Legendary
soundtrack တွေပဲ တီးခတ်တဲ့ Hans Zimmer၊
ပြောင်မြောက်လွန်းတဲ့ VFXနဲ့ CGIတွေရဲ့ ပေါင်းစပ်မှုအပြီးမှာ
DUNE 2021ဇာတ်ကားဟာ ပရိတ်သတ်တွေ အမျှော်လင့်ဆုံး
ဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။
အနာဂတ်နှစ်ပေါင်း၂၀၀၀၀ကျော်မှာ အခြေပြုထားတဲ့
ခေတ်လွန် Dune Universeထဲမှာ Known Universeကို
အုပ်ချုပ်နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်အောက်
မှာတော့ Housesတွေက နယ်မြေအသီးသီးကို အုပ်ချုပ်ပါတယ်။
ဒီဇာတ်လမ်းရဲ့ အဓီကအကြောင်းရင်းကတော့ House
Harkonnenတွေ နှစ်ပေါင်း၈၀ကြာအောင် အုပ်ချုပ်လာတဲ့
Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့
အထက်အမိန့်အရ House Atreidesတွေကို ပြောင်းလဲ
အုပ်ချုပ်စေခြင်းကစပါတယ်။
ဒါပေမဲ့ Harkonnenတွေဟာ Arrakis ဂြိုလ်ပေါ်ကရတဲ့
Spiceဆိုတဲ့အရာကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊
Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုး
အတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ
အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာစေခြင်းစတဲ့
စွမ်းအားတွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲ
မှာပဲ တူးဖော်နိုင်မှာပါ၊ တူးဖော်ခွင့်ရှိတဲ့ Houseဟာလည်း
Emperorထက်တောင် ပိုပြီးချမ်းသာသွားမှာပါ။
ဒါကြောင့်မလို့ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အချက်အချာ
ဖြစ်နေတဲ့ Duneဂြိုလ်ကို လွှဲပြောင်းယူလိုက်ရတဲ့ House Atreides
အနေနဲ့ House Harkonnenရဲ့ ဒုက္ခပေးလာမှုရော၊
Emperorနဲ့ တခြားHouseတွေရဲ့ ရန်စလာမှုကိုပါ
ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊
House Atreidesရဲ့ သားတော်… အိမ်တော်ရဲ့အနာဂတ်
The Oneအဖြစ် တင်စားခံရတဲ့ Paulကရော Atreidesတွေကို
ဘယ်လောက်ထိ ခေါင်းဆောင်ပေးသွားမလဲ……
Dune: Part Two (2024)
**********************
ဇာတ်လမ်းအကျဉ်း
Dune ဒုတိယမြောက်ရုပ်ရှင်မှာတော့ အေထရီးဒီး
အိမ်တော်ကျဆုံးပြီး ပေါလ်အေထရီးဒီးတို့သားအမိ
ဖရေးမန်းတွေနဲ့ပူးပေါင်းမိသွားတာကနေ စပါတယ်။
ဖရေးမန်းတွေထဲက ဘာသာရေးယုံကြည်သူတွေအလိုအရ
အေထရီးဒီးရဲ့ မိခင်က မယ်တော်ကြီးဖြစ်လာပြီး
ပေါလ်အေထရီးဒီးကလည်း သူ့ကို လီဆန် အာ-ဂါရစ်ဆိုတဲ့
ကယ်တင်ရှင်ပရောဟိတ်လို့ ယုံကြည်နေကြသူတွေနဲ့
မယုံကြည်ကြသူတွေကို စည်းရုံးပြီး ဟာကွန်နင်အိမ်တော်နဲ့
အင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ပထမ
ရုပ်ရှင်က ဇာတ်လမ်းအပျိုးမို့ နိုင်ငံရေးနဲ့တိုက်ပွဲအသေးစားတွေပဲ
ပါပေမယ့် ဒီရုပ်ရှင်မှာတော့ အဆုံးအဖြတ်တိုက်ပွဲကြီးတွေ
ဖြစ်လာပြီး နောက်ရုပ်ရှင်အတွက် ပိုကြီးတဲ့တိုက်ပွဲတွေကိုလည်း
အစပျိုးသွားပါပြီ။
ကြည့်လိုက်ကြပါဦး…..