Movie Name
Tantra (2024)
Year
2024
Generes
Horror
Code
IND1192
Type
Movie
Size
960 MB
Country
Bollywood
Description
Tantra 2024 တစ္တေကကြိုး IMDb – 8.6/10 နေရာတစ်ခု အရာဝတ္ထုတစ်ခု ဒါမှမဟုတ် လူတစ်ယောက်မှာရှိတဲ့ ကောင်းတဲ့အငွေ့အသက်နဲ့ မကောင်းတဲ့အငွေ့အသက်ဆိုတာရှိပြီး ဒါကိုလူတိုင်း အနည်းနဲ့အများတော့ ခံစားမိကြတာချည်းပါပဲ။ သိပ္ပံနည်းကျခေါ်မယ်ဆိုရင်တော့ auraပေါ့ဗျာ။ ပန်းရောင်စုံနဲ့လှပနေတဲ့ပန်းခင်းကြီးကနေ အပြုသဘောဆောင်တဲ့auraကိုခံစားမိသလို သင်္ချိုင်းကုန်းရောက်ရင်လည်း creepy aura နဲ့ ကျောချမ်း ကြက်သီးထတတ်ကြတာပါပဲ။ အခုဒီကားလေးထဲမှာတော့ တခြားသူတွေထက် ဒီ auraကိုပိုခံစားမိနေတဲ့ ရေခါဆိုတဲ့မိန်းကလေးတစ်‌ယောက်အကြောင်းပေါ့။ ရေခါဟာ ငယ်စဉ်ကတည်းက မေတ္တာမရရှာတဲ့ ကောင်မလေးတစ်‌ယောက်၊ မွေးကတည်းက အမေကလည်းမီးတွင်းမှာဆုံးသွားဝောာ့ အဖေဖြစ်သူကလည်း ဂြိုဟ်ဆိုးမလို့ပဲ သူ့ကိုမြင်နေတာပေါ့။ ရေခါက ညဘက်မှာ အိပ်ရင်းလမ်းလျှောက်တဲ့ရောဂါရှိပါသေးတယ်။ မေတ္တာငတ်နေရှာတဲ့ ရေခါလေးကိုမှ ချစ်မိသွားတာကတော့ တေဂျာ၊ တေဂျာဟာလည်း ပြည့်တန်ဆာသားမလို့ တစ်ရွာလုံးနှိမ်တာခံ‌နေရတဲ့သူပါ။ ဒီလိုနဲ့ အချစ်ချင်းဖလှယ်ပြီး ပျော်ရွှင်နေကြရာက ကြမ္မာငင်ပါတော့တယ်။ အဲဒါကတော့ ရေခါက ဝိညာဉ်တွေကိုလက်ခံနိုင်တဲ့အစွမ်းရှိနေပြီး သူ့ထဲကို ဝိညာဉ်ဆိုးတစ်ကောင် ဝင်ရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ တေဂျာနဲ့ရေခါရဲ့အချစ်ကရော ဒီနတ်ဆိုးဝိညာဉ်ကို အောင်နိုင်မလားဆိုတာ ရှုစားကြပါဦး။